ကမ္ဘာ့ဖလား အိပ်မက်ဆိုးက ရုန်းမထွက်နိုင်သေးတဲ့ လီဝီ

Sports

ကမ္ဘာ့ဖလား အိပ်မက်ဆိုးက ရုန်းမထွက်နိုင်သေးတဲ့ လီဝီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဖလား အိပ်မက်ဆိုးက ရုန်းမထွက်နိုင်သေးတဲ့ လီဝီ ဆိုတဲ့အားကစားသတင်းလေးပဲ ဖြစ်ပါတယ်။

မက္ကဆီကို ၀ – ၀ ပိုလန်

ကမ္ဘာ့ဖလား တတိယမြောက်နေ့ရဲ့ ဒုတိယမြောက် ဂိုးမရှိသရေပွဲစဉ်ပါ။ လီဝမ်ဒေါစကီးဦးဆောင်တဲ့ ပိုလန်ဟာ ဥရောပအသင်းတွေမှာ ကစားနေသူအများစုကို အခြေခံထားလို့ ကွန်ကာကပ်ဖ်ဇုန်က မက္ကဆီကိုအသင်းကို အေးဆေးကစားလို့ ရမယ်လို့ ထင်မှတ်ခဲ့ပုံပါပဲ။

Mexico vs Poland Prediction - World Cup Odds & Free Pick
ဒါပေမဲ့ အတွေ့အကြုံပိုင်းမှာ သူတို့ထက်ရင့်ကျက်တဲ့ မက္ကဆီကန်တွေက အဖက်ဖက်က အသာစီးကစားပြီး အစီးသရေရခဲ့တာပါ။ မက္ကဆီကိုဟာ ဘောလုံးကို ကိုင်ကာ သေသေသပ်သပ်နဲ့ ကစားခဲ့တာဖြစ်ပြီး အသင်းလိုက်နားလည်မှုကလည်း တော်တော်ကောင်းပါတယ်။

Mexico vs. Poland Highlights | 2022 FIFA World Cup | FOX Sports
ပိုလန်ကတော့ အမှားများနေခဲ့ပြီး လီဝမ်ဒေါစကီးကိုယ်တိုင် ပင်နယ်တီလွဲချော်ခဲ့တဲ့အထိ ရုပ်ပေါက်ခဲ့တာပါ။ သူကန်တဲ့ ပင်နယ်တီကို ဝါရင့်ဂိုးသမားကြီး အိုချိုအာက အေးဆေးပုတ်ထုတ်သွားခဲ့ပြီး လီဝမ်ဒေါစကီးဟာ အခုချိန်ထိ ကမ္ဘာ့ဖလားမှာ ဂိုးမသွင်းနိုင်သေးတဲ့ မှတ်တမ်းဆိုးကို ဆက်လက်သယ်ဆောင်ထားဆဲ ဖြစ်ပါတယ်။

ရေးသားသူ – crd

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။