ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦး ပစ်ခတ်ခံရပြီး thayဆုံး

Local News

ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦး ပစ်ခတ်ခံရပြီး thayဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦး ပစ်ခတ်ခံရပြီး thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦးတို့ ပစ်ခတ်ခံရပြီး thayဆုံးသွားကြောင်း သိရသည်။
ရေဖြူမြို့နယ်အတွင်း၌ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ရဲထောက်လှမ်းရေး တစ်ဦးဖြစ်သည့် လင်းအောင်ကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး thayဆုံးသွားကြောင်း သိရသည်။
အလားတူ ရေဖြူမြို့နယ် ပုဂေါဇွန်းရွာနှင့် ဝက်ချောင်းရွာ အကြားတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အငြိမ်းစား ရဲဝန်ထမ်း တင်ထွန်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ T-PDF ရဲဘော်များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းနှင့် ဗိုက်တို့ကို သေနတ်ကျည် ၄ ချက် ထိမှန်ကာ thayဆုံးသွားကြောင်း သိရသည်။


thayဆုံးသွားသော တင်ထွန်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးခြင်း၊ ကိုယ်တိုင် လိုက်ပါလမ်းပြပေးခြင်း၊ စစ်တပ်
ယာဉ်တန်းများကို PDF များ မိုင်းဆွဲရန် ပြင်ထားချိန်တွင်လည်းမိုင်းမီးကြိုးများ လိုက်ဖြတ် တောက်ခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း T-PDF က ထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။