တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှု ငွေကျပ် သိန်း ၃၅ ခန့်၊ ရွှေလက်စွပ်နှင့် ဖုန်းများ ပါသွား

Local News
တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှု ငွေကျပ် သိန်း ၃၅ ခန့်၊ ရွှေလက်စွပ်နှင့် ဖုန်းများ ပါသွား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှု ငွေကျပ် သိန်း ၃၅ ခန့်၊ ရွှေလက်စွပ်နှင့် ဖုန်းများ ပါသွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်း တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
‌တန့်ဆည်မြို၊ ရွှေဥယျာဉ်လမ်းကြားရှိ နေအိမ်၂အိမ်ကို နိုဝင်ဘာ၂၉ရက်နေ့ ည၈နာရီအချိန်တွင် ပျူစောထီးဟု ယူဆရသော lat nat ကိုင်အင်အား ၃၀ ခန့်က ဓားပြဝင်တိုက်ရာ ငွေကျပ်၃၅သိန်းခန့်၊ ရွှေလက်စွပ် ၁ ကွင်းနှင့် လက် ကိုင်ဖုန်းများ ပါသွားခဲ့ကြောင်း တန့်ဆည်မြိုခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို ပြောဆိုသည်။
“ည၈နာရီလောက်မှာ thayနတ်ကိုင်ထားတဲ့ လူ၃၀ လောက် ရောက်လာပြီး thayနတ်၃ချက်ဖောက်ပြီး အဲ့အိမ်တွေက လူတွေကို အပြင်ထွက်ခိုင်းတာ၊ အိမ်‌ တွေထဲ ဝင်ရှာတာ။ တန့်ဆည်တစ်မြိုလုံးကို စစ်ခွေးတွေနဲ့ ရဲတွေ၊ ပျူတွေပဲ ကြီးစိုးနေတာ၊ ဓားပြတွေလည်း ပျူစောထီးတွေပဲပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
တန့်ဆည်မြို့ကို စစ်ကောင်စီတပ် လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ဓားပြ မှုဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ဓားပြ တိုက် ခြင်းသာ ဖြစ်ကြောင်း တန့်ဆည်မြိုခံများက ပြောဆိုကြသည်။


တန့်ဆည်မြိုလယ်တွင် နိုဝင်ဘာ၃၀ရက် နံနက်ပိုင်း၌ စစ်ကောင်စီတပ်သားများ ခြေရှုပ်နေပြီး ဓားပြမှုဖြစ်ပွားရာ ရွှေဥယျာဉ်လမ်းထိပ်တွင် အထိုင်ချ စစ်ဆေးနေ ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။
ဓာတ်ပုံ- တန့်ဆည်မြို့ကို ပိတ်ဆို့စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်။