ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၄၀ ကျော် တင်ဆောင်လာသည့်ကားတိမ်းမှောက်၊ ၃ ဦးthayဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရ

Local News

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၄၀ ကျော် တင်ဆောင်လာသည့်ကားတိမ်းမှောက်၊ ၃ ဦးthayဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၄၀ ကျော် တင်ဆောင်လာသည့်ကားတိမ်းမှောက်၊ ၃ ဦးthayဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက MoU မြန်မာလုပ်သားများ တင်ဆောင်လာသော ကားတစ်စီး တိမ်းမှောက်မှုကြောင့် သုံးဦးthayဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ထံမှ သိရ သည်။


အဆိုပါ MoU မြန်မာလုပ်သား ၄၇ ဦး တင်ဆောင်လာသည့်ကားသည် တာ့ခ်ခရိုင် မဲဆောက်မြို့မှ ထွက်ခွာ လာခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် မဲဆောက်မြို့၊ ဒွဲကောက်လမ်း၊ အမြန်လမ်းမကြီး ၁၂ ၊ ကီလိုမီတာ ၆၈+၃၀၀ တွင် တိမ်းမှောက်ခြင်းဖြစ်သည်ဟု ပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးထံမှ သိရသည်။
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက“ကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားတာပါ။ ယာဉ်မောင်းနဲ့ မြန်မာ MoU လုပ်သားနှစ်ဦး သေဆုံးခဲ့တယ်”ဟု ပြောသည်။
ယင်း MoU မြန်မာလုပ်သား ၄၇ ဦး သည် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက တာ့ခ်ခရိုင် မဲဆောက်မြို့သို့ ရောက်ရှိလာပြီးနောက် ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့သို့ သွားရောက်မည်သူများ ဖြစ်‌ကြောင်း သိရသည်။


“ကားပေါ်မှာပါတဲ့ ကျန်တဲ့လုပ်သား ၄၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိထားလို့ ညကပဲ ဆေးရုံတက် ဆေးကုသမှု ခံယူနေရတယ်” ဟု ဦးမိုးကြိုးက ဆိုသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိထားသည့် လုပ်သား ၄၄ ဦးအား တာ့ခ်ရိုင် မဟာရမြို့ရှိ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရကြောင်းလည်း သိရသည်။
အဆိုပါ မြန်မာ MoU လုပ်သားများမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် ရဲလိုးဒေါင်းအေဂျင်စီမှ တာဝန်ယူစေလွှတ်ထားသည့် အလုပ်သမားများဖြစ်ကြောင်း သိရသည်။

ရေးသားသူ – Mizzima – News in Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။