နေပြည်တော်အနီးတွင် ရုရှားကုမ္ပဏီက ရေအားလျှပ်စစ်စီမံကိန်းလုပ်မည် ရုရှားစွမ်းအင်ကုမ္ပဏီ Inter RAO Export သည် မြန်မာနိုင်ငံရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအဟောင်းများ အဆင့်မြှင့်တင်ရေးကိုလည်း စဉ်းစားခဲ့သည်ဟု သိရသည်။

Local News

နေပြည်တော်အနီးတွင် ရုရှားကုမ္ပဏီက ရေအားလျှပ်စစ်စီမံကိန်းလုပ်မည်
ရုရှားစွမ်းအင်ကုမ္ပဏီ Inter RAO Export သည် မြန်မာနိုင်ငံရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအဟောင်းများ အဆင့်မြှင့်တင်ရေးကိုလည်း စဉ်းစားခဲ့သည်ဟု သိရသည်။

​မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နေပြည်တော်အနီးတွင် ရုရှားကုမ္ပဏီက ရေအားလျှပ်စစ်စီမံကိန်းလုပ်မည်ရုရှားစွမ်းအင်ကုမ္ပဏီ Inter RAO Export သည် မြန်မာနိုင်ငံရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအဟောင်းများ အဆင့်မြှင့်တင်ရေးကိုလည်း စဉ်းစားခဲ့သည်ဟု သိရသည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုရှားစွမ်းအင်ကုမ္ပဏီ Inter RAO Export သည် မြန်မာနိုင်ငံရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအဟောင်းများ အဆင့်မြှင့်တင်ရေးကိုလည်း စဉ်းစားခဲ့သည်ဟု သိရသည်

၂၀၁၈ ခုနှစ်အတွင်း Inter RAO Export ကုမ္ပဏီက တည်ဆောက်သည့် ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို ရုရှားသမ္မတပူတင်တက်ရောက်ခဲ့စဉ်။

နေပြည်တော်အနီး ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်နေသည့် စစ်ကောင်စီ၏ ရေအားလျှပ်စစ်စီမံကိန်းတွင် ရုရှားကုမ္ပဏီ ပါဝင်လုပ်ကိုင်မည်ဖြစ်ကြောင်း ရုရှားသတင်းဌာန Interfax က ယမန်နေ့ (နိုဝင်ဘာ ၅) တွင် ရေးသားသည်။

ရုရှားနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxim Reshetnikov ၏ နေပြည်တော်ခရီးစဉ်အတွင်း ပြုလုပ်သည့် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးမှ ရရှိသည့် အချက်အလက်များအရ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးတွင် ရုရှားစွမ်းအင်ကုမ္ပဏီ Inter RAO Export ပါဝင်မည်ဖြစ်သည်။​

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ရုရှားနိုင်ငံသို့ စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးတို့ ရောက်ရှိခဲ့စဉ် Inter RAO Export မှ ညွှန်ကြားရေးမှူးချုပ် Alexey Yakovlev နှင့် တွေ့ဆုံခဲ့ကာ နေပြည်တော်အနီး တည်ဆောက်မည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ရုရှားကုမ္ပဏီသည် မူလက ၁၄၆ ဒသမ ၅၅ မဂ္ဂါဝပ်ရှိ မြန်မာနိုင်ငံမှ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအဟောင်းများ အဆင့်မြှင့်တင်ရေးကို စဉ်းစားခဲ့သည်ဟုလည်း Interfax သတင်းတွင် ဖော်ပြသည်။​

ပျဉ်းမနားမြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ဆောက်နေသည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွင် ၇၆ မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဟု လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။​

ယခင်စစ်အစိုးရလက်ထက်တွင် နေပြည်တော်ကို အဓိကမီးပေးရန် အောက်ပေါင်းလောင်းနှင့် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းများကို တည်ဆောက်ခဲ့သည်။ အဆိုပါ စီမံကိန်းကြီးများကြောင့် ရေဝပ်ဧရိယာအတွင်း ကျရောက်သည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများ ပြောင်းရွှေ့ခဲ့ရဖူးသည်။

စစ်ကောင်စီက ပြီးခဲ့သည့်ဇူလိုင်လအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် ရေအားလျှပ်စစ်စီမံကိန်း ၆ ခု တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နိုင်ခြင်း ရှိမရှိ မသိရပေ။

နေပြည်တော်အနီး တည်ဆောက်နေသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို ပြီးခဲ့သည့် မေလအတွင်းက တွေ့ရစဉ်။​ (ဓာတ်ပုံ – MOEE)

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ထွက်ခွာသွားခဲ့ရာတွင် ပြင်သစ်အစိုးရပိုင် Électricité de France(EDF) ကုမ္ပဏီသည်လည်း အမေရိကန်ဒေါ်လာ ၁ ဘီလျံခွဲတန် ရွှေလီ (၁) ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်နှစ် မတ်လအတွင်း ထုတ်ပြန်ကြေညာခဲ့ သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီ (၁) စီမံကိန်းမှာ မဂ္ဂါဝပ် ၆၇၀ ကျော် ထုတ်လုပ်နိုင်မည့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး ပြင်သစ်ကုမ္ပဏီနှင့်အတူ ဂျပန်နိုင်ငံမှ မာရူဘီနီ၊ ပြည်တွင်းမှ ဧရာဟင်္သာကုမ္ပဏီတို့ ပါဝင်လုပ်ကိုင်ရန် စီစဉ်ခဲ့သည်။​

အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာမှ အထင်ကရကုမ္ပဏီကြီးများ ထွက်ခွာသွားပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ကာ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် မရပ်မနားဖိတ်ခေါ်လျက်ရှိသည်။

စစ်lat natပစ္စည်းများ အဓိကရောင်းချပေးနေသည့် ရုရှားနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရန်လည်း စစ်ကောင်စီက အားထုတ်နေသည်။ နေပြည်တော်တွင် ရောက်ရှိနေသည့် ရုရှားစီးပွားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် စစ်ကောင်စီဝန်ကြီးအချို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ရုရှားစီးပွားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှားမှ ရေနံထွက်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် နေကြာဆီ တင်သွင်းရေး၊ မြန်မာဘက်မှ ဆန်၊ ပင်လယ်စာ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့ရောင်းချရေး နှစ်ဖက် သဘောတူခဲ့ကြသည်ဟုလည်း အခြားရုရှားသတင်းဌာနတစ်ခုဖြစ်သော TASS က ရေးသားသည်။

ရုရှားနှင့် မြန်မာအကြား ကုန်သွယ်မှုတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာသန်း ၄၃၀ မျှရှိသည်ဟု ဆိုသည်။​

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။