ဖားကန့်တွင် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားသော စစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတပ် များ တိုက်ခိုက်မှုကြောင့် ပြည်သူများ ပြန်လွတ်၊ ဖားကန့်မြို့ ပေါ်တွင် စစ်တပ်က ရမ်းသမ်း ပစ်ခတ်

Local News

ဖားကန့်တွင် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားသော စစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတပ် များ တိုက်ခိုက်မှုကြောင့် ပြည်သူများ ပြန်လွတ်၊ ဖားကန့်မြို့ ပေါ်တွင် စစ်တပ်က ရမ်းသမ်း ပစ်ခတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖားကန့်တွင် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားသော စစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတပ် များ တိုက်ခိုက်မှုကြောင့် ပြည်သူများ ပြန်လွတ်၊ ဖားကန့်မြို့ ပေါ်တွင် စစ်တပ်က ရမ်းသမ်း ပစ်ခတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် စစ် တပ်က ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး KIA နှင့် PDF ပူးပေါင်း တပ်များက ဝိုင်းဝန်းတိုက်ခိုက်ကြရာ ဓားစာခံ ပြည်သူများ လွတ် မြောက်မှု ရှိကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီး ကျောင်းတွင် ပြည်သူ ၃၀‌ ကျော်ကို စစ်တပ် အင်အား ၈၀ ခန့်ပါစစ်ကြောင်းက ဖမ်းဆီးထားပြီး ဓားစာခံနှင့် လုပ်အား ပေး လမ်းပြပေါ်တာ အဖြစ် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ thayဆုံးမှုများ ရှိနိုင်ကြောင်း ၊ ဓားစာခံ ပြည်သူတချို့ ပြန်လွတ် မြောက်လာပြီး စစ်ရေး ဆက်လက် တင်းမာနေကြောင်း သိရှိရသည်။
ယင်းနောက် ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကlat natကြီး ၁၂၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊ ဖားကန့်မြို့ပြည်သူများ စိုးရိမ် နေကြပြီး စစ်တပ် ပစ်ခတ်သော lat natကြီးများ ကျရောက်မည်ကို ထိတ် လန့်နေကြကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်မှာ ဖားကန့်ဗျူဟာ ကနေlat natကြီးနဲ့ စပစ်တယ်။ ဖုန်းလိုင်း တော်တော်များများ ဖားကန့်မှာ ပြတ် တောက်နေတယ်။ lat nat ကြီးတွေနဲ့ ပစ်တာ ဆက်တိုက်ပဲ။ ပစ်တာ ဖား ကန့် ကနေ lat natကြီးမြေပါတုန်တယ်။ တောက်လျောက် ကို ပစ်နေ တာlat natကြီးတွေ တစ်လုံးပြီး တစ်လုံးပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။


လတ်တလော ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် နေရာအများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး နယ်မြေစိုးမိုးမှုအပိုင်းတွင် ပို၍ ကြီးမား လာကြောင်း၊ စစ်ကောင်စီတပ်များက စစ်ကြောင်းလှည့်လည်ခြင်း၊ လေ ကြောင်း ဖြင့်တိုက်ခိုက်ခြင်း၊ lat natကြီးဖြင့် ထုခြင်းမှလွဲ၍ မြေပြင် နယ်မြေ စိုးမိုးမှု လုံး၀ မလုပ်ဆောင်နိုင်တော့ဟု ကချင်သတင်းရင်းမြစ်များက ပြောဆို ကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။