နှလုံးလမ်းနဲ့ဉာဏ်လမ်းကြားမှကြက်ခြေခတ်

Astrology

နှလုံးလမ်းနဲ့ဉာဏ်လမ်းကြားမှကြက်ခြေခတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှလုံးလမ်းနဲ့ဉာဏ်လမ်းကြားမှကြက်ခြေခတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂမ္ဘီရကြက်ခြေခတ်မဟုတ်ပေမယ့်ဒီကြက်ခြေခတ်ဟာအဆိုးအကောင်းရှိပါတယ်..
ဒီလိုမျိုးအမှတ်အသားပါသူတွေအတွက်လက်ပုံဘယ်ညာဖြင့်မျှဝေပေးပါတယ်..ဘယ်ညာကြည့်ရှုစစ်ဆေးကြပါ..

နှလုံးလမ်းနဲ့ဉာဏ်လမ်းကြားမှကြက်ခြေခတ်

ဒီလိုအမှတ်အသားမျိုးပါကြရင်..မိတ်ဆွေတို့အနေနဲ့သတိပြုပေးရလိမ့်မယ်..ရုတ်တရက်ကြည့်ရင်တော့ ဂမ္ဘီရကြက်ခြေခတ်နဲ့မှားနိုင်တယ်..ဒါပေမယ့်မဟုတ်ပါဘူး..ဒီလိုကြက်ခြေခတ်ကလူတိုင်းနီးနီးပါကြပါတယ်..ဒါပေမယ့်ပုံစံအနေအထားအမျိုးမျိုးနဲ့ကွဲလွဲသွားကြတာပါ..ဘာတွေအဆိုးအကောင်းဖြစ်နိုင်မလဲ…?????

အဆိုးဘက်အနေနဲ့..

(1) ဆုံးဖြတ်ချက်တွေမြန်တတ်ခြင်း၊ဆုံးဖြတ်မှုမှားတတ်ခြင်း၊ဆုံးဖြတ်ချက်ကိုလွယ်ကူစွာချတတ်ခြင်းတို့ကြောင့် သူ့ဘဝမှာ ဆုံးရှုံးမှုတွေကြုံရတတ်တယ်..ငွေကြေးများဆုံးရှုံးရနိုင်ပါတယ်…
(2) စိတ်ညစ်မှုတွေရှိနိုင်တယ်.. အခက်ခဲတွေရင်ဆိုင်ရတတ်တယ်..စိတ်ခံစားချက်ကိုဦးစားပေးတတ်ကြတယ်…စိတ်ပင်ပန်းမှုကိုခံရနိုင်တယ် …သို့မဟုတ် လူပင်ပန်းမှုခံရနိုင်တယ်…
(3) ဘဝအစမှာ ရုန်းကန်ရနိူင်တယ်….အဆင်မပြေမှုများတတ်ကြတယ်….အတားအဆီးလေးတွေရှိတတ်ကြတယ်.လူလိမ်ခံရတတ်ပါတယ်….စိတ်ဓာတ်ကျသွားနိုင်တယ်…
(4) ငွေမမြဲတတ်ဘူး…အထွက်များနေတတ်တယ်…အလုပ်အကိုင်တွေမှာအမှားကြုံတတ်တယ်…ဆုံးရှုံးရတတ်တယ်.နောက်ပြီးမေတ္တာရေးညံ့တတ်တယ်..စသဖြင့်အညံ့ကြုံတတ်ပါတယ်…

အကောင်းဘက်အနေနဲ့…

အများအပေါ်စေတနာထားမှု သည်းခံမှုတွေကြောင့်အဆင်ပြေပြေနေရတတ်တယ်..လုပ်ငန်းကနေငွေဝင်တာဒါမှမဟုတ် ကိုယ့်နဲ့သက်ဆိုင်မှုမှ ငွေရတာလာဘ်ဝင်တာမျိုးရရှိနိုင်တယ်..ဆုံးဖြတ်မှုတွေကိုသေချာပြင်ဆင်ပြီးနေထိုင်လာတတ်ကြတယ်.အရာရာကို လွယ်ကူစွာမတွေးကြတော့ဘူး…. အဆိုးပြီးမှအကောင်းဆိုသလိုရရှိတာပါ..သူတစ်ပါးအပေါ် သနာတတ်ကြတယ်..ကံကိုအားကိုးမှုမရှိပဲကြိုးစားတတ်ကြပါတယ်..နောက်ဆုံး ကောင်းမှုတွေပိုလုပ်လာပြီး စိတ်အေးချမ်းမှုကို ရရှိလာကြမယ်..အဆင်ပြေပြေနဲ့နေရနိုင်ပါတယ်..စသဖြင့်အကျိုးရှိပြန်ပါတယ်..
ဒီလိုအမှတ်အသားပါပြီဆိုရင် မိမိတို့အနေနဲ့ စိတ်ခံစားချက်ကို ဦးစားမပေးပဲအလုပ်တစ်ခုခုလုပ်တော့မယ်ဆို ဘာမှမတွေးပဲအာရုံထားလုပ်ဆောင်ဖို့လိုအပ်ပါတယ်..
မိတ်ဆွေတို့ကိုနားလည်စေချင်တဲ့စေတနာနဲ့အသေးစိတ်မျှဝေပေးတာပါ..
(မှတ်ချက်) ဒီလိုအမှတ်အသားမျိုးပါတတ်ကြတဲ့သူတွေအနေနဲ့သတိပြုပေးစေချင်တာပါ…ဘယ်ညာနှစ်ဖက်ကြည့်ပေးရပါလိမ့်မယ်…
ခုနှစ်ရက်သားသမီးများနဲ့ ကျေးဇူးရှင်များ ကျန်းမာ ချမ်းသာ ဘေးရန်အပေါင်းကင်းဝေးကြပါစေ….

ရေးသားသူ – Htet Paing Oo

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။