”ကလေးနာမည်ပေးနည်း”

Astrology

”ကလေးနာမည်ပေးနည်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”ကလေးနာမည်ပေးနည်း”ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


တချို့တွေက ကလေးတွေရဲ့နာမည်ကို အလွယ်ပေးတပ်ကျတယ် ကျွန်နော်ကတော့ အဲလို အလွယ်မပေးစေချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကံနည်းတဲ့သူမှာ ညဏ်လေးနည်းနည်းပိုစိုက်လိုက်ရင် သူဘဝရှေ့ရေးအတွက် ပိုကောင်းသွားစေချင်လို့ပါ ကံရှိတဲ့သူကတော့ ညဏ်သိပ်မထည့်လဲကံကောင်းနေတော့ သုဟာနဲ့သူ အံဝင်ဂွင်ကျဖြစ်တယ်လို့ထင်တယ်


နာမည်းပေးနည်းလေးကတော့ အလွန်မတန်မှကောင်းတဲ့နည်းလေးပါ ဆရာကြီး အဘမင်းသိင်္ခ လဲ ဒီနည်းအတိုင်ပဲပေးတာများပါတယ်
ကုန်ဘောင်ခေတ်မှာ အလွန်ကျော်ကြားတဲ့ အတုလ ဆရာတော် ခင်ကြီးဖျော်ရဲ့ နည်းပါ။

( တနင်္ဂနွေသားသမီးများ အတွက် ပုံစံ (၅ – ၆ – ၂)

(ကြာသပတေး အက္ခရာဖြင့် စပါ၊ သောကြာအက္ခရာကို အလယ်မှာ ထားပါ။ တနင်္လာ အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ – မိုးဟေကို ၊ မေသုခ ၊ ပြည်သိန်းကျော်) စသည်ဖြင့် ပေးရပါသည်။

တနင်္လာသားသမီးများအတွက် ပုံစံ (၆ – ၀ – ၃)

( သောကြာ အက္ခရာဖြင့် စပါ၊ စနေ အက္ခရာကို အလယ်မှာ ထားပါ။ အင်္ဂါ အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ – သူထူးစံ ၊ သွန်းနဒီစံ ၊ သက်နှင်းစံ ၊ သော်တာစိုးစံ၊ စသည်ဖြင့် ပေးနိုင်ပါသည်။

အင်္ဂါသားသမီးများအတွက် ပုံစံ (၀ – ၁ – ၄)

( စနေ အက္ခရာဖြင့် စပါ၊ တနင်္ဂနွေ အက္ခရာကို အလယ်မှာ ထားပါ။ ဗုဒ္ဓဟူး အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ – နှင်းအိလွင် ၊ ထူးအယ်လင်း၊ ထွန်းအောင်လူ ၊ နဒီအေးလွင် စသည်ဖြင့် ပေးနိုင်ပါသည်။

ဗုဒ္ဓဟူးသားသမီးများအတွက် ပုံစံ (၁ – ၂ – ၅)

( တနင်္ဂနွေ အက္ခရာဖြင့် စပါ၊ တနင်္လာ အက္ခရာကို အလယ်မှာ ထားပါ။ ကြာသပတေး အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ – အေးချမ်းမေ ၊ အိချမ်းမြေ့ ၊ အောင်ခေတ်ပိုင် ၊ အိချောပို စသည်ဖြင့် မှည့်နိုင်ပါသည်။

ကြာသပတေးသားသမီးများအတွက် ပုံစံ (၂ – ၃ – ၆)

( တနင်္လာအက္ခရာဖြင့် စပါ၊ အင်္ဂါ အက္ခရာကို အလယ်မှာ ထားပါ။ သောကြာ အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ – ခန့်စည်သူ ၊ ချောဇင်သန့် ၊ ကောင်းစည်သူ ၊ ငြိမ်းစုဟေသီ စသည်ဖြင့် မှည့်နိုင်ပါသည်။

ဒါကတော့ သောကြာသားသမီးများအတွက် ပုံစံ ( ၃ – ၄ – ၀ )

( အင်္ဂါ အက္ခရာဖြင့် စပါ၊ ဗုဒ္ဓဟူး အက္ခရာကို အလယ်မှာ ထားပါ။ စနေ အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ – ဇော်ရဲထက် ၊ စုလှိုင်နှင်း ၊ ဇူလိုင်နှင်း ၊ စောယုနွယ် ၊ ဇေယျာနိုင် ၊ ဇင်ယော်နီ စသည်ဖြင့် မှည့်နိုင်သည်။

စနေသားသမီးများအတွက် ပုံစံ ( ၄ – ၅ – ၁)

( ဗုဒ္ဓဟူး အက္ခရာဖြင့် စပါ၊ ကြာသပတေး အက္ခရာကို အလယ်မှာ ထားပါ။ တနင်္ဂနွေ အက္ခရာကို အဆုံး တွင် ထားပါ)
ဥပမာ – ယဉ်မင်းဦး ၊ ရွှေယမင်းဦး ၊ ၀င့်ဝါမိုးဦး ၊ ရဲမာန်ဦး ၊ လူမင်းဦး ၊ လွင်မိုးအောင် စသည်ဖြင့် မှည့်နိုင်ပါသည်။

နောက်ဆုံးအနေနှင့် တစ်ခုပြောချင်တာက လူတစ်ယောက်ကို နာမည်ပေးတဲ့ အခါမှာ ဗေဒင်နှင့် ကိုက်အောင် ချဉ်းပဲလဲ မှည့်လို့ မဖြစ်ဘူး။ ဗေဒင်ကို လုံးလုံး မစဉ်းစားပဲနဲ့လည်း မှည့်လို့မဖြစ်ဘူး။ အဲဒီတော့ ဗေဒင်သဘောလဲ ပါပါစေ။ ခေါ်လို့ ကောင်းအောင်လည်း ဖြစ်ပါစေ၊ ခေတ်ကာလနဲ့လည်း လိုက်လျော ညီထွေ ဖြစ်ပါစေ။

မှတ်ချက် – မည်သူမဆို မိမိတို့၏ သားသမီး ရင်သွေးရတနာ များကို အမည်ပေးရန် အတွက်ပဲ ဖြစ်ဖြစ် ၊ အနုပညာ လုပ်ငန်းနှင့် အခြားသော လုပ်ငန်း ဆောင်တာများတွင် အသုံးပြုရန် ဖြစ်စေ အမည်ပေးလိုပါက အထက်ပါ နည်းအတိုင်း စိတ်ချ ယုံကြည်စွာ ပေးနိုင်ပါသည်။

ရေးသားသူ – crd

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေး