သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၂ ရဲ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား (၁၀) ဦး

Celebrity International News

သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၂ ရဲ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား (၁၀) ဦး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၂ ရဲ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား (၁၀) ဦး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၂ ခုနှစ်ရဲ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား (၁၀) ဦးထွက်ပေါ်လာခဲ့ပါတယ်။ လေ့လာချက်တစ်ခုက ဘယ်သူတွေဟာ ဆက်စီအကျဆုံးအမျိုးသားတွေဖြစ်မလဲဆိုတာ သိရဖို့အတွက် ရွှေအချိုးအစားကို ထည့်သွင်းစဉ်းစားရုံသာမက အရပ်အမောင်း၊ အသားတင်ကြွယ်ဝချမ်းသာမှု၊ အများသူဌာထင်မြင်ချက်လို အခြားရှုထောင့်အမျိုးမျိုးတွေနဲ့လည်း တွက်ချက်ခဲ့တာပါ။ ဒီ (၁၀) ဦးမှာ နာမည်ကြီးသရုပ်ဆောင်အများစုပါဝင်ပါတယ်။ တချို့က ရွှေအချိုးအစားများပေမဲ့ စုစုပေါင်းရမှတ်နည်းသွားတာတွေ့ရပါတယ်။ ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသားက ဘယ်သူလဲဆိုတာကို စာဖတ်ပရိသတ်တွေ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြနော်..။

နံပါတ် ၁၀ – မိုက် တိုင်ဆန်

ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဟောင်း မိုက်တန်ဆန်က ရမှတ် ၂.၅/၁၀ နဲ့ ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသားစာရင်းမှာ နံပါတ် ၁၀ နေရာကို ရရှိပါတယ်။ သူ့ရဲ့ရွှေအချိုးအစားရမှတ်က ၅၈.၀၃ ရာခိုင်နှုန်းပါ။

နံပါတ် ၉ နေရာ – ဒွိန်း ဂျွန်ဆင် (The Rock)

မင်းသား ဒွိန်း ဂျွန်ဆင်ကတော့ ၃.၆၂/၁၀ ရမှန်နဲ့ နံပါတ် ၉ နေရာကို ရယူနိုင်ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ သူဟာ အရပ်အမြင့် ၆ ပေ ၄ လက်မ နဲ့ အရပ်မြင့်ဆုံးဖြစ်တဲ့အပြင် အသားတင်ကြွယ်ဝချမ်းသာမှုအများဆုံးလည်းဖြစ်ပါတယ်။ သူ့ရဲ့ရွှေအချိုးအစားက ၄၃.၈၀ ရာခိုင်နှုန်းပါ။

နံပါတ် ၈ – ဂျိုးရိုဂန်

နာမည်ကျော်ဟာသလူရွှင်တော်နဲ့ တင်ဆက်သူဖြစ်တဲ့ ဂျိုးရိုဂန်ဟာ ရွှေအချိုးအစား ၇၂.၇၆ ရာခိုင်နှုန်းဖြစ်ပေမဲ့ စုစုပေါင်းရမှတ် ၄.၃၇/ ၁၀ နဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

နံပါတ် ၇ – ဘရုစ်ဝီလီ

ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်နားထားတဲ့ မင်းသားကြီး ဘရုစ်ဝီလီကတော့ ရမှ် ၄.၇၅/၁၀ နဲ့ နံပါတ် ၇ နေရာကို ရရှိခဲ့ပါတယ်။ ရွှေအချိုးအစားကတော့ ၆၁.၃၃ ရာခိုင်နှုန်းဖြစ်ပါတယ်။

နံပါတ် ၆ – ဂျေဆန်စတက်ဟန်

နံပါတ် ၆ နေရာမှာ ရပ်တည်နေတဲ့ ဂျေဆန်စတက်ဟန် ရဲ့စုစုပေါင်းရမှတ်က ၅.၉၆/၁၀ ပါ။ ရွှေအချိုးအစားက ၇၈.၀၉ ရာခိုင်နှုန်းဖြစ်ပါတယ်။

နံပါတ် ၅ – မင်းသားဝီလျံ

၂၀၂၁ ခုနှစ်မှာ ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသားဖြစ်ခဲ့တဲ့ မင်းသားဝီလျံက အခုနှစ်မှာတော့ နံပါတ် ၅ နေရာကို ရောက်သွားခဲ့ပါတယ်။ သူ့ရဲ့စုစုပေါင်းရမှတ် ၆.၁၃/၁၀ ဖြစ်ပြီး ရွှေအချိုးအစားကတော့ ၆၆.၈၃ ရာခိုင်နှုန်းပါ။

နံပါတ် ၄ နေရာ – ပစ်ဘူးလ်

အဆိုတော်ပစ်ဘူးလ်က မင်းသားဝီလျံထက် ရမှတ်အနည်းငယ်အသာနဲ့ ရမှတ် ၆.၁၆/၁၀ နဲ့ နံပါတ် ၄ နေရာရခဲ့ပါတယ်။ ရွှေအချိုးအစားအရ သူ့ရဲ့မျက်နှာက ၆၇.၆၉ ရာခိုင်နှုန်းတိကျပါတယ်။

နံပါတ် ၃ – ရှီမာမိုးရ်

Criminal Minds မင်းသားကတော့ ရမှတ် ၆.၂၅ နဲ့ တတိယနေရာရရှိခဲ့ပါတဘ်။ သူက အခြားသူတွေနဲ့ယှဉ်ရင် တွစ်တာမှာ ရေပန်းအစားဆုံးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

နံပါတ် ၂ – စတန်လေ တူချီ

မင်းသားစတန်လေက စုစုပေါင်းရမှတ် ၇၅.၈၃ ရာခိုင်နှုန်း၊ စုစုပေါင်းရမှတ် ၆.၃၃/၁၀ နဲ့ နံပါတ် ၂ နေရာရယူနိုင်ခဲ့ပါတယ်။

နံပါတ် ၁ – ဗင်ဒီဇယ်

ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသားစာရင်းမှာ နံပါတ် ၁ နေရာရရှိသွားခဲ့သူကတော့ The Fast and the Furious မင်းသား ဗင်ဒီဇယ်ပါပဲ။ ရွှေအချိုးအစားအရ သူ့မျက်နှာက ၆၉.၂၆ ရာခိုင်နှုန်းတိကျပြီး စုစုပေါင်း ရမှတ်က ၆.၄၆/၁၀ ပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။