စစ်ကိုင်းတိုင်း ဒီပဲယင်းကွဲကျေးရွာမှာသီတဂူစာချဆရာတော်တစ်ပါး အပါအဝင် ၃ ဦးthetဖြတ်ခံရ

Local News

စစ်ကိုင်းတိုင်း ဒီပဲယင်းကွဲကျေးရွာမှာသီတဂူစာချဆရာတော်တစ်ပါး အပါအဝင် ၃ ဦးthetဖြတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကိုင်းတိုင်း ဒီပဲယင်းကွဲကျေးရွာမှာသီတဂူစာချဆရာတော်တစ်ပါး အပါအဝင် ၃ ဦးthetဖြတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာမှာ ဇန်နဝါရီ ၆ရက် မနက်ခင်းပိုင်းက သီတဂူ စာချဆရာတော်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦးနဲ့ ဒေသခံအမျိုးသားနှစ်ဦး ပစ်thetခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြွယ်ပုံရပ်က အရပ်ခေါ် ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီပဲယင်းကွဲကျေးရွာကို lat nat ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကင်းစောင့်အမျိုးသားနှစ်ယောက်နဲ့ အလည်ရောက်လာသူ စာချဆရာတော်နဲ့ အမျိုးသမီးတစ်ဦးကို ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“ဒီနေ့မနက် ၆ နာရီမှာဖြစ်တာပါ။ ဆရာတော်က သီရိလင်္ကာက ပြန်ကြွလာတာမကြာသေးဘူး။ သီတဂူဗုဒ္ဓတက္ကသိုလ်က စာချဆရာတော်ပါ။ မန္တလေးမှာ ကျောင်းထိုင်တယ်လို့သိရပါတယ်။ သူက သူ့အစ်ကိုကျောင်းကို ဇန်နဝါရီ ၃ ရက်က ရောက်လာတာ။ သူက နယ်ခံမဟုတ်တော့ ကျောင်းက မြေအောက်ခန်းထဲဝင်ပြေးတာ။ သူက ဘုန်းကြီးကိုလည်းလုပ်မယ်မထင်ဘူးလို့ ထင်မှာပေါ့။ ဟိုက မြေအောက်ခန်းတွေပါ ဝင်မွှေေတော့ ဘုန်းကြီးကိုတွေ့တော့ ပစ်thetသွားတာ”လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမှာ မြေဝယ်ဖို့ ပါလာတဲ့ အမျိုးသမီးတစ်ဦးလည်း ပတ်ခတ်thetဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပီဒီအက်ဖ် ရဲဘော်တစ်ဦးနဲ့ ဒီပဲယင်းကွဲရွာမှဦ ကင်းစောင့်နေတဲ့ အရပ်သားတစ်ဦးကိုတို့လည်း ပစ်ခတ်thetဖြတ်ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းကွဲကျေးရွာက နေအိမ်တွေ မီးရှို့သွားလို့ နေအိမ် အလုံးပေါင်း ၉၀ ကျော်လောက် မီးလောင်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောခွင့်ရ ဦးအေးလှိုင်ထံလည်း ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အဆက်အသွယ်မရသေးပါဘူး။

ဒီပဲယင်းကွဲကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ကျေးရွာကြီးဖြစ်ပြီးတရုတ်နိုင်ငံကိုတောင် သရက်သီးတင်ပို့တဲ့အထိ စီးပွားရေးကောင်းတဲ့ရွာကြီးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။