“Today’s Affirmation – Four of Cups (Upright)”

Astrology

“Today’s Affirmation – Four of Cups (Upright)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “Today’s Affirmation – Four of Cups (Upright)” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“Today’s Affirmation – Four of Cups (Upright)”
Tarot Card Mockup

Universe က ပြောတယ်
သူက ကိုယ်ပင်ပန်းစိတ်ဓာတ်ကျနေတာလည်း သိတယ် ၊ မရေမရာဖြစ်နေတာလည်း သူကောင်းကောင်းနားလည်ပါတယ်တဲ့.. ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပြုပြင်ယူဖို့သိပေမယ့် Motivation ပျောက်နေတော့ခက်တယ် ။ သူကမေးနေတယ်.. အဝေးကိုပဲမျှော်မယ့်အစား အနီးအနားကအရာတွေ ဘာလို့မြင်အောင်မကြည့်သလဲတဲ့ ။
ဟုတ်တယ်လေ.. ဘေးဘီဝဲယာလည်း တစ်ချက်ဝှေ့ကြည့်လိုက်ဦး ။ ကိုယ့်အနားမပြေလည်တာရှိသလို ပြေလည်တာတွေလည်း အများကြီးမှအများကြီးပေါ့ ။ အားတက်စရာကြီးလေနော်..

ဒီမနက်ကစပြီး Negative Energy တွေကိုပဲ အာရုံစိုက်မနေနဲ့တော့ ၊ ဒါတွေက စိတ်အားတက်ကြွမှုတွေကိုဆွဲချနေတာ ၊ လေးပင်နေစေတာ ။ အကောင်းနဲ့အဆိုးတွဲလာရင် အဆင်မပြေလောက်တာကိုပဲ ဇာချဲ့ပူနေမိတာမျိုးလေ..
ကဲ.. ရပ်လိုက်ပါတော့ ၊ အတူတူမျက်လုံးပြောင်းကြရအောင်
ကိုယ်ဒီကတ်လေးမြင်တဲ့အခါမှာ အနောက်တောင်ဖက်အရပ်ကိုလှည့်ပြီး “ရွှေခွက်ကို ရွှေလက်နဲ့လက်ခံယူမယ်”လို့ သုံးကြိမ်အာရုံပြုလိုက်ပါ ။

ကိုယ့်မှာလိုအပ်တဲ့အားအင်တွေ ၊ ယုံကြည်ချက်တွေပြည့်လာတာ ခံစားရလိမ့်မယ် ။ ဖြစ်ပါ့မလားမဟုတ်ဘူး.. မဖြစ်ဖြစ်လာအောင် လုပ်ယူနိုင်စွမ်းရှိတယ် ။ ဒီကတ်လေးက အခွင့်အလမ်းအသစ်တွေရောက်လာစေတဲ့ ကတ်လေးတစ်ကတ်ဖြစ်သလို ၊ အတိတ်ကအမှားတွေသင်ခန်းစာယူပြီး ကိုယ့်အနာဂတ်လမ်းသစ်ကို ရစေနိုင်တဲ့ကတ်လေးလို့ပြောရမယ် ။

မရပ်တန့်နဲ့တော့လေ.. ရဲရဲဆက်လျှောက်တော့ ။ အစောတော့ယိုင်နဲ့မယ် ၊ လမ်းပျောက်မယ် ။ ဒါပေမယ့် နောက်တစ်နှစ် နှစ်နှစ် အို… နောက်ငါးနှစ် ဆယ်နှစ်လောက်မှာ အောင်မြင်နေတဲ့အနာဂတ်ကိုယ်က ပြန်အောင်းမေ့ကြည့်တဲ့အခါ လက်ရှိအခိုက်အတန့်လေးမှာ အရှုံးမပေးဖို့ရွေးချယ်ခဲ့တဲ့ကိုယ့်ကို သိပ်ကျေးဇူးတင်နေမှာသေချာတယ် ။

Universe ကပြောတယ် ။ အခွင့်အရေးတွေ ဘေးမှာလည်းရှိတယ် ၊ အဝေးမှာလည်းရှိတယ်.. လက်ခံယူဖို့အတွက် ပိုက်ထားတဲ့ကိုယ့်လက်တွေ ဆန့်ဆန့်တန်းပြီးကမ်းလိုက်ယုံပါပဲတဲ့ည်။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။