ဒိဝါတပတိ ဂါထာတော်ကြီး

Astrology Religion
ဒိဝါတပတိ ဂါထာတော်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒိဝါတပတိ ဂါထာတော်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒိဝါတပတိ ဂါထာတော်ကြီး

၁။ဒိဝါ တပတိ အာဒိစ္စော
ရတ်တိမာဘာတိ စန်ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
စျာယီ တပတိ ဗြာဟ္မဏော။

၂။အထ သဗ္ဗမဟောရတ္တိ ံ
ဗုဒ္ဓေါ တပတိ တေဇသာ
တာဒိသံ တဇေသမ်ပန်နံ
ဗုဒ်ဓံ ဝန်ဒာမိ အာဒရံ။

၁။အာဒိစ္စော နေမင်းသည်။
ဒိဝါ နေ့၌သာလျှင် ။
တပတိ တောက်ပ၏။
စန္ဒိမာ လသည်။
ရတ္တိ ံ ညဉ့်၌သာလျှင်။
အာဘာတိ တောက်ပ၏။ ခတ္တိယော မင်းသည်။
သန္နဒ္ဓေါ ချပ်ဝတ်တန်ဆာ ဆင်မှသာလျှင်။
တပတိ တောက်ပ၏။
ဗြာဟ္မဏော ရဟန္တာသည် ။
စျာယီ စျာန်ဝင်စားမှသာလျှင်။
တပတိ တောက်ပ၏။

၂။အထ စင်စစ်သော်ကား။
ဗုဒ္ဓေါ ဘုရားသည် ။သဗ္ဗမဟောရတ္တိ ံ အလုံးစုံသော နေ့ညဉ့်ပတ်လုံး။
တေဇသာ တန်ခိုးတော်ဖြင့်။
တပတိ တောက်ပ၏။
တာဒိသံ တေဇသမ္ပန္နံ ထိုသို့သောတန်ခိုးတော်ဖြင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓံ မြတ်စွာဘုရားကို။
အာဒရံ ရိုသေစွာ။
ဝန္ဒာမိ ရှိခိုးပါ၏။

မြတ်စွာဘုရား သာဝတ္ထိပြည် ပုပ္ပာရုံကျောင်း မိဂါရမာတုပြဿဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည်။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏တင့်တယ်မှုတို့ကို တွေ့မြင်နှစ်သက် ပီတိဖြစ်တော်မူသည်။

ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး ပန်းနံ့သာစွဲကိုင်လျှက် ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည်။
ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် စျာန်ဝင်စားသဖြင့်
ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို ဖူးမြင်ရပြန်ရာ နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည်။

ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါ
နေမင်း လမင်း ရှင်ဘုရင် ရဟန္တာတို့ထက် သာလွန်လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အားလျှောက်ရာ ဘုရားရှင်က ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို ဟောကြားတော်မူလေသည်။

ဤ ဂါထာတော်အား သဗ္ဗဇယ မင်္ဂလ ဂါထာဟူ၍လည်း ဂါထာမန္တာန် စာဟောင်းများတွင်တွေ့ရနိုင်ပါသည်။

ဤ ဂါထာအား ရွတ်ဆိုပွားများရာတွင် မိမိကိုယ်အားသန့်စင် စေပြီး နံနက် ၇ နာရီသော်လည်းကောင်း ည ၇ နာရီသော်လည်းကောင်း မိမိ ၇ ရက်ပတ်လုံး အချိန်မှန်နိုင်မည့်အခါအား ရွေးချယ်၍ မိမိအိမ်ဘုရားတွင်ဖြစ်စေ တန်ခိုးကြီး ဘုရားတွင်ဖြစ်စေ ပန်း ဆီမီး ရေချမ်း ကပ်လှု၍ အနန္တော အနန္တ ငါးပါးအား ရှိခိုး ငါးပါးသီလခံယူပြီး ထိုင်တည်းနှင့် ပါဠိ အနက် စဆုံး ၇ ခေါက် ရွတ်ဆိုပွားများရပါမယ်။

အဓိဌါန်ကာလ ၇ ရက်ပြီးနောက် သိသာထင်ရှားစွာလာဘ်လာဘ ပေါများရွှင်လန်းလာကြောင်း သင်သိပြီဆိုပါက ထပ်မံ၍ သင့်မိတ်ဆွေများအား မျှဝေပါ။ ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။