ရုံးသုံးဆုံလည်ခုံတွေ အခန့်မသင့်ရင် ပေါက်ကွဲတတ်ပါတယ်

Knowledge Local News
ရုံးသုံးဆုံလည်ခုံတွေ အခန့်မသင့်ရင် ပေါက်ကွဲတတ်ပါတယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရုံးသုံးဆုံလည်ခုံတွေ အခန့်မသင့်ရင် ပေါက်ကွဲတတ်ပါတယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Do you know cheap Office/gaming Chair can explode?

Office Chair Piston ပေါက်ကွဲပြီး
စတီးချောင်း တင်ပါးထဲကနေ ဗိုက်ထဲထိ ဖောက်ဝင်တက်တယ်။
ဆောင့်ထိုင်ချတာ၊ Over weight ကြီးနဲ့ ထိုင်တာ၊
ပုံမှန်ဝိတ်နဲ့ထိုင်ပေမဲ့ Piston ကို အဆုံးထိ ထားတာမျိုးက
အရည်အသွေးကောင်းတဲ့ အမေရိကန်လုပ် ထိုင်ခုံတွေမှာမဖြစ်ပေမဲ့
တရုတ်လုပ် ထိုင်ခုံတွေမှာတော့ ဖြစ်တယ်။ ဖြစ်လျင်လည်း thayတာများတယ်။

Piston ကို Quality ကောင်းတဲ့ဆီက မဝယ်ပဲ ကိုယ့်ဟာကိုယ် လုပ်တော့ ဈေးသက်သာတယ်။ ဒါပေမဲ့ အခန့် မသင့်လျင် ပေါက်ကွဲတက်တယ်။
အရည်အသွေးကောင်းတဲ့ထိုင်ခုံ ဒေါ်လာ 700 ကျော်တန်တွေကတော့
စတီးပြားအထူကြီး ပါလို့ ပေါက်ကွဲခဲ့လျင်တောင် သိပ်စိတ်မပူရဘူး။
ဘာရယ်မဟုက်ပါဘူး။ အဲ့သတင်းတွေဖတ်ပြီး ငါတစ်ယောက်ထဲ အခု ခုံမှာမထိုင်ရဲတော့လို့ မနက်ဖြန်ရုံးသွားကြမဲ့ သူငယ်ချင်းတွေကို အားပေးတာ။

တစ်ကမ္ဘာလုံးမှာ အဲ့လို Cases မျိုးသုံးခုပဲ ရှိပါတယ်။
Case 1 က အသက် 65 နှစ်အရွယ် China က ဦးလေးကြီး။
သံချောင်းက ကျောကုန်းနဲ့ လက်ကို ဖောက်ပြီး မျက်နှာကျတ်မှာသွားစိုက်။
ဆရာဝန်တွေ ကုပေးလိုက်ရတယ်။

Case 2 က China Shandong က 14 နှစ်အရွယ်ကောင်လေး။
စအိုထဲ သံချောင်းဝင်သွား ၊ ကုမရ၊ သွေးလွန်။

Case 3 က အသက် 24 မိန်းကလေး China Fujian ပြည်နယ်က။
မိန်းမအင်္ဂါပျက်စီးသွား။ ကုလို့ ရမရ မသိရ။

အဲ့ဒါပဲ ရှိပါတယ် (ထင်တာပဲပေါ့နော်)။
အရမ်းလည်း မပူပါနဲ့။


Piston ကို အောက်ဆုံးထိ ဖိမထားနဲ့ပေါ့။
ဘောလုံးလိုပဲ တအားညှစ်လျင် ပေါက်ထွက်သွားတယ်။
ထိုင်ခုံကို မြှင့်ထိုင်ပေါ့။

Piston ကို Quality Check မလုပ်ပဲ ဈေးသက်သာအောင်
ကိုယ့်ဟာကိုယ် လုပ်ရာက ဖြစ်တယ်လို့သိရ။

US,EU,CA မှာကျ QC သေချာလုပ်ရတော့ အဲ့ခုံတွေဆိုမဖြစ်။
ဖြစ်ခဲ့လျင်တောင် တစ်လက်မခွဲ ထူတဲ့ သံပြားခံထားပေးတော့ မပူရ။

 

ရေးသားသူ – Blender Ko Sai

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။