ငွေကံ ပြန်ပွင့်လိုသူများအတွက် ဂမ္ဘီရ လက်ဆောင်

Astrology

ငွေကံ ပြန်ပွင့်လိုသူများအတွက် ဂမ္ဘီရ လက်ဆောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေကံ ပြန်ပွင့်လိုသူများအတွက် ဂမ္ဘီရ လက်ဆောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေကံ ပြန်ပွင့်လိုသူများအတွက် ဂမ္ဘီရ လက်ဆောင်

ငွေကံ ပြန်ပွင့်လိုသူများအတွက် ထိရောက်တဲ့ ဂမ္ဘီရ လက်ဆောင် အကြောင်းလေး ပြောချင်လို့ပါ။အဲဒါကတော့…သူများဆီကနေ ယူထားတဲ့ ငွေကို ပြန်ဆပ်ချင်ကြသူတွေ အတွက်ပါပဲ။ဒီလို စိတ်ဓာတ်ရှင်မျိုးတွေ ရှိနေကြပါတယ်။သူများဆီက ငွေကို လိုတုန်းကယူထားပြီး ပြန်ဆပ်ချင်ကြသူတွေ ရှိနေကြပါတယ်။

Myanmar currency trade turns to online groups on Facebook amid crisis |  Reuters

သူတို့ ခင်ဗျာ မတတ်နိုင်လွန်လွန်းလို့ ငြိမ်နေရရှာတာပါ။ငွေရှာလို့ ရလာပြန်တော့ မိသားစုရဲ့ စားဝတ်နေရေး တာဝန်ကြီးကြောင့် သူများ အကြွေးကို ထင်သလောက် ပြန်မဆပ်နိုင်ပြန်ပါဘူး။စိတ်ပဲ ရှိရှာပါတယ်။

တချို့ဆို အဲဒီ ကိစ္စကြောင့် အိပ်တောင် မပျော်နိုင်ရှာပါဘူး။တချို့ကျ တကယ့်ကို ရှာလို့ဖွေလို့ မရရှာတာ…ဘာပဲဖြစ်ဖြစ်-သူများ အကြွေးကို ပြန်ပေးချင်တဲ့ စိတ်ဓာတ်ကိုက အင်မတန် လေးစားဖို့ ကောင်းနေပါပြီ။

မသိချင်ယောင် ဆောင်နေသူတွေ ရှိကြပါတယ်။လိုတုန်းကယူပြီး ပြန်ပေးရတော့မယ်လည်းဆိုရော မသိချင်ယောင် ဆောင်နေကြသူတွေ ရှိပါတယ်။တချို့ဆို မူလပေးထားသူက ပြန်မတောင်းရဲလောက်အောင် ရန်လုပ်ကြသူတွေတောင် ရှိပါတယ်။တချို့လဲ မေ့ချင်ယောင် ဆောင်နေကြပါတယ်။အဲခု…သူများ အကြွေးကို ပြန်ပေးချင်လွန်းတဲ့ သူတွေ အတွက်ပါ။

ဒီလိုဆို…ငွေကြေးနဲ့ ပတ်သက်တဲ့ ကံတွေပွင့်နေရတော့မှာပေါ့။ဒါမှလည်း ပြန်ပေးနိုင်မှာလေ။အဲဒီလို စဉ်းစားလိုက်တဲ့အခါမှာ…

တနင်္ဂနွေသားသမီးတွေ ဆိုပါတော့…

အသက် (၂၇) (၂၈) (၃၀) (၃၅) ((၃၆) (၃၈) (၄၃) (၄၄) (၅၁) (၅၂) (၅၄) (၅၉) (၆၀) ဆိုတဲ့ နှစ်မျိုးတွေမှာ အဲ့ဒီလို ကြွေးကိစ္စတွေ ကြုံရတတ်ပါတယ်။

တနင်္လာသားသမီးတွေကျတော့…

(၂၆) (၂၇) (၂၉) (၃၄) (၃၅) (၃၇) (၄၂) (၄၃) (၄၅) (၅၀) (၅၁) (၅၃) ဆိုတဲ့ နှစ်တွေမှာ ကြုံကြတတ်ပြန်ရော။

အင်္ဂါသားသမီးတွေဆိုရင်…

(၂၅) (၂၆) (၂၈) (၃၃) (၃၄) (၃၆) (၄၀) (၄၂) (၄၄) ( ၄၉) (၅၀) (၅၂) ဆိုတဲ့ နှစ်တွေမှာ အဲသလို ငွေကြေး ကိစ္စလေးတွေ ဖြစ်တတ်ပြန်ပါတယ်။

ဗုဒ္ဓဟူးသားသမီးတွေက…

(၂၄) (၂၅) (၂၇) (၃၂) (၃၃) (၃၅) (၄၀) (၄၁) (၄၃) (၄၈) (၄၉) (၅၁) ဆိုတဲ့ နှစ်တွေမှာ ကြုံရတတ်ပါတယ်။

ကြာသပတေးသားသမီးတွေဆိုရင်…

(၃၀) (၃၁) (၃၃) (၃၈) (၃၉) (၄၁) (၄၆) (၄၇) (၄၉) (၅၄) (၅၅) (၅၇) ဆိုတဲ့ နှစ်တွေရောက်လာပြီးဆိုရင် ငွေကြေး အခက်အခဲ ကြွေးကိစ္စလေးတွေ ကြုံပြန်ရော။

သောကြာသားသမီးတွေကတော့…

(၂၈) (၂၉) (၃၁) (၃၆) (၃၇) (၃၉) (၄၄) (၄၅) (၄၇) (၅၂) (၅၃) (၅၅) ဆိုတဲ့ နှစ်တွေမှာ ငွေကြေးအခက်အခဲလေးတွေ ဖြစ်တတ်ပါတယ်။

စနေသားသမီးက

(၃၁) (၃၂) (၃၄) (၃၉) (၄၀) (၄၂) (၄၇) (၄၈) (၅၀) (၅၅) (၅၆) (၅၈) ဆိုတဲ့ နှစ်တွေမှာ အဲ့ဒီလို ငွေကြေး ကိစ္စလေးတွေ ဖြစ်လာပြန်တယ်။

ဒီတော့…ကိုယ့်အသက်ကို ကိုယ်ပြန်ကြည့်လိုက်…
အဲဒီလို အသက်အပိုင်းအခြားတွေ ရောက်နေပြီလား။

ရောက်နေပြီဆိုရင်…ငှက်စာကျွေးပေတော့။ ခွေစာတွေကျွေးပေတော့။ ရက်တွေ နေ့တွေ မရွေးနဲ့ ကြုံသလို ကြုံအောင်ကျွေး။ မကြုံကြုံအောင်ကျွေး။

ငွေကြေး ခက်ခဲတယ် ဆိုတာ တနင်္လာနံ ပျက်လို့ပဲ။
တနင်္လာနံဟာ ပုံစံအမျိုးမျိုးနဲ့ ဂြိုလ်နေဂြိုလ်ထား အမျိုးမျိုးနဲ့ ဂြိုလ်ပူး ဂြိုလ်ယှဉ် ဂြိုလ်မြင် အမျိုးမျိုးနဲ့ ပျက်လို့သာ ငွေကြေး ကိစ္စတွေ ဖြစ်ရတာ။
ဒါဖြင့် တနလာင်္နံနဲ့ ပတ်သက်တဲ့ ပရိယာယ် မှန်သမျှ စဉ်းစားရပြီး။
ဆိုကြပါစို့

ဘုရား စေတီ ပုထိုး တွေကို ဘုရားဖူး သွားမယ်
ဘုရား ရောက်ရင် တနင်္လာထောင့်မှာ တံမြက်စည်းတွေလှည်း တွေ့သမျှ အမှိုက် အကုန်ကောက် အမွှေးတိုင်စက္ကူ ဖယောင်းတိုင် ပလတ်စတိတ် အကုန်ကောက် တနလာင်္ထောင့် သန့်ရှင်းနေအောင်လုပ် ပြီးရင် ပြီးမှ ဒိပြင်ထောင့်တွေမှာ သွားလှည်း လမ်းမှာတွေ့တဲ့ ခါးမကောင်းတဲ့သူ ခြေမကောင်းတဲ့သူ တတ်အားသမျှ အကုန်လှူ။
တနင်္လာနံ သတ္တဝါ ကလေးတွေကို မနှိပ်စက်နဲ့။
ကလေးလေးတွေကိုလည်း မုန့်ပဲသရေစာ ကျွေးပေး။
ကျန်မာရေး မကောင်းတဲ့ ကလေးတွေ တွေ့ရင် ဆေးလိုရင်ဆေး ငွေလိုရင်ငွေ တတ်အားသမျှ ကူညီ
ငါးလွှတ် ငါးအစာကျွေး
ဒီလို တစ်လလောက် ထိထိရောက်ရောက် လုပ်လာရင် တနင်္လာနံ အညံ့ဟာ ဓာတ်ထိလာပြီး
ဒါဖြင့် ကြံရည် ကံကော် ကျောက်ကျော ကော်ဖီ ကိတ်မုန် ကြာဆံကြော် ဂြိုလ်ရှစ်ခွင်လုံး လှူ
တဖြေးဖြေးနဲ့ ဓာတ်ထိ လာလိမ့်မယ်။

တနင်္လာနံ ငွေနံအားကောင်းတဲ့အချိန် အခါကို ရွေးလှူရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ နေ့လည် ၁ နာရီခွဲမှ ၃ နာရီ အတွင်း
တနင်္လာနေ့ မနက် ၉ နာရီမှ ၁၀ နာရီခွဲ အတွင်း
အင်္ဂါနေ့ နေ့လည် ၃ နာရီမှ ၄ နာရီခွဲ အတွင်း
ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီခွဲမှ ၁၂ နာရီ အတွင်း
ကြာသပတေးနေ့ မနက် ၆ နာရီမှ ၇ နာရီခွဲ အတွင်း
သောကြာနေ့ နေ့လည် ၁၂ နာရီမှ ၁ နာရီခွဲ အတွင်း
စနေနေ့ မနက် ၇ နာရီခွဲမှ ၉ နာရီ အတွင်း
ဒါဟာ တနင်္လာနံ အမြင့်ဆုံး အချိန် အခါတွေပါပဲ။
အင်္ဂဝိဇ္ဇာ အခေါ်နဲ့ဆိုရင် ဂုရု အခါလို့ ခေါ်တယ်။

ဒီလို အခါတွေ ရောက်ရင် ဂြိုလ်ရှစ်ခွင်လုံး လှုရမှာ ဖြစ်တယ်။
ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီခွဲမှ ၁၂ နာရီ အတွင်း မဟာဝေဒဗ္ဗမန္တန်တော်ကြီးကို ၂၇ ခေါက် ရအောင် ရွတ်ဖို့ပါပဲ။ အင်မတန် အစွမ်း ထက်လှတဲ့ မန္တန်တော်ကြီးပါ။
ထူးထူးခြားခြား ငွေတွေ ဝင်လာပါပြီ။ လာဘ်ပွင့် လာပါပြီ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။