E-Cigarettes လို့ခေါ်တဲ့ Vapeရဲ့ကြောက်စရာ ဆိုးကျိုး

Health International News Local News
E-Cigarettes လို့ခေါ်တဲ့ Vapeရဲ့ကြောက်စရာ ဆိုးကျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ E-Cigarettes လို့ခေါ်တဲ့ Vapeရဲ့ကြောက်စရာ ဆိုးကျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

E-Cigarettes လို့ခေါ်တဲ့ Vapeရဲ့ကြောက်စရာ ဆိုးကျိုး

Free Photo | Young sexy woman is vaping smoking e-cigarette. cloud of vapor  on the black wall

19 နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့အဆုတ်တွေဟာ E-Cigarettes လို့ခေါ်တဲ့ Vape သောက်ခြင်းကြောင့်ပျက်စီးသွားခဲ့ရတယ်တဲ့ …

အခုခေတ်လူငယ်တွေကြားမှာ ဆေးလိပ်ဖြတ်ဖို့သောက်ကြတဲ့ Vape တွေ တစ်နည်းအားဖြင့် E-cigarettes (Electronic Cigarettes) တွေကတော်တော်ကို ရေပန်းစားလာတာ သတိထားမိကြမှာပေါ့… ၁၉နှစ်အရွယ် Claire လေးဟာလည်း အဲ့လူငယ်တွေထဲကမှ ကံဆိုးတဲ့သားကောင်တစ်ယောက်ဖြစ်ခဲ့ရပါတယ်

Claire Chung ဟာ Washington မှာနေထိုင်လျက်ရှိပြီး သာမန် ကောလိပ်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမ ဟာ နေ့စဉ်နေ့တိုင်း Vape သောက်တတ်တဲ့အကျင့်ဆိုးတစ်ခုကြောင့် ရောဂါဆိုးကြီးကိုရှာမတွေ့ခင်မှာ အစောပိုင်းလက္ခဏာအနေနဲ့အချိန် ၃ ပတ်ဆက်တိုက်ခန့်အပူချိန် 40•C ထိတိုင်အောင် အဖျားတွေကြီးခဲ့ပါတယ်တဲ့…

သူမရဲ့မိဘတွေက ရိုးရိုးအအေးမိလို့ဖျားတယ်ထင်ပြီး ဆေးထိုးဆေးသောက်ရုံနဲ့ပဲစောင့်ကြည့်ကြတဲ့အခါ ကျန်းမာရေးအခြေအနေဟာမတိုးတက်လာတာ သတိထားမိတော့မှ ဆေးရုံသွားပြီး medical checkup လုပ်ကြည့်ခဲ့ကြပါတယ်တဲ့…

ကံဆိုးစွာနဲ့ပဲ CT scan ရဲ့အဖြေအရ Claire လေးရဲ့ အဆုတ်နှစ်ဖက်လုံးဟာ ဆိုးဆိုးရွားရွားကိုထိခိုက်ပျက်စီးနေပြီဆိုတာ သိလိုက်ရပါတယ်၊ အဆုတ်ရဲ့ တစ်ရှူးအပိုင်းအစတွေဟာပျက်စီးနေပြီး အဆုတ်လေပြွန်တိုင်းဟာလည်း ဆိုးရွားစွာ ရောင်နေခဲ့ပါပြီတဲ့..

Claire ဟာ ဆေးရုံမှာ လူမမာအဖြစ်အကြာကြီးနေခဲ့ရပြီး ဆေးတွေသွင်းရ၊ ပြင်းတဲ့ဆေးတွေသောက်ရနဲ့ ခက်ခဲတဲ့ခရီးရှည်ကြီးကိုဖြတ်သန်းရတဲ့အခါ တခြားလူငယ်တွေ သူ့လိုမျိုးနောက်ထပ်အဖြစ်ဆိုးနဲ့မကြုံရလေအောင် သူ့ရဲ့ CT scan အဖြေကို Instagram မှာ post တင် ချပြပြီး Vape တွေမသောက်ကြဖို့ မှာကြားထားပါသေးတယ် …


Claire ရဲ့အဆုတ်တွေဘာကြောင့်ပျက်စီးခဲ့ရသလဲ?
E-cigarettes တွေမှာ အနံ့အရသာပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊သတ္တုဓာတ်တွေ၊နီကိုတင်းတွေပါဝင်နေခြင်းက ကျန်းမာရေးကိုသိသာစွာဆုတ်ယုတ်နိုင်စေပါတယ်၊ e-cigarettes တွေသောက်ခြင်းဟာ ဘာအန္တရာယ်မှမရှိဘူးလို့ယူဆခြင်းဟာမှားနေပါတယ်၊ ဆေးလိပ်သောက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေလိုပဲ အလားတူ ခံစားရနိုင်ပါတယ် ။

အမေရိကန်နိုင်ငံရဲ့ US Centers for Disease Control and Prevention ရဲ့တင်ပြချက်အရ နမိုးနီးယား( Pneumonia) အဆုတ်ရောင်ရောဂါရှင် လူ 2600 နဲ့ 57 ယောက်thayဆုံးမှုတွေဟာ E-Cigarettes တွေသောက်သုံးခြင်းနဲ့ဆက်စပ်နေပါတယ်တဲ့ ..

လူ အယောက် ၁၀၀၀၀ ကိုစီစစ်ကောက်နှုတ်ချက်တွေအရမှာလည်း e-cigarettes သောက်လေ့ရှိတဲ့ လူ 56 % ဟာ နှလုံးရောဂါရှင်တွေလည်းဖြစ်ကြပြီး ပုံမှန်လူထက် 30% ပိုပြီးလေဖြတ်နိုင်ချေရှိပါတယ်တဲ့..

ဒါကြောင့် ကိုယ်တိုင်အတွက်ဖြစ်စေ၊ မိသားစုအတွက်ဖြစ်စေ ၊ လူမှုပတ်ဝန်းကျင်အတွက်ဖြစ်စေ ရိုးရိုးဆေးလိပ်ရော E-cigarettes တွေကိုရော မသောက်ပဲရှောင်ကြဉ်နိုင်စေဖို့ သတိပေးရင်းနဲ့ အဖြစ်မှန်တစ်ခုကို ကူးယူတင်ပြခြင်းဖြစ်ပါတယ်

ရေးသားသူ – Care Hut Pharmacy

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။