ဇနီး ၈ ဦးနှင့် တအိမ်တည်းနေသည့် ထိုင်းအမျိုးသား လူမှုကွန်ရက်၌ ရေပန်းစားနေ

International News
ဇနီး ၈ ဦးနှင့် တအိမ်တည်းနေသည့် ထိုင်းအမျိုးသား လူမှုကွန်ရက်၌ ရေပန်းစားနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇနီး ၈ ဦးနှင့် တအိမ်တည်းနေသည့် ထိုင်းအမျိုးသား လူမှုကွန်ရက်၌ ရေပန်းစားနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇနီး ၈ ဦးနှင့် တအိမ်တည်းနေသည့် ထိုင်းအမျိုးသား လူမှုကွန်ရက်၌ ရေပန်းစားနေ

ထိုင်းနိုင်ငံမှာ အမျိုးသား ၁ ဦးက မိန်းမ ၈ ယောက်ယူပြီး မိသားစုလို တစ်အိမ်တည်း ထားနိုင်တဲ့အကြောင်း လတ်တလော ထိုင်းလူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။

အသက် ၃၃ နှစ်ရွယ်ရှိ အုန်းဒမ် ဆိုဖတ် ခေါ် နိုင်းနာ့ဿ်ဖုန်း ချိမ်လဲမ် ဆိုသူမှာ အင်းအိုင်လက်ဖွဲ့နဲ့ ဆေးမင်ကြောင်ထိုးတဲ့အလုပ်ကို လုပ်ကိုင်သူဆရာ ၁ ယောက်ဖြစ်ပြီးသူ့မှာ အသက်အရွယ် မတိမ်းမယိမ်းကြတဲ့ ဇနီးသည် ၈ ယောက်ရှိတယ်လို့ ထိုင်းတီဗွီသတင်းဌာနတစ်ခုက မနေ့က အင်တာဗျူးထုတ်လွှင့်သွားတာပါ။

ဇနီး ၈ ယောက်ကတော့ ဆီစကစ်သူ နောင့်ဆပိုက်၊ နခွန်းပထုံသူ နောင့်အယ်လ်၊ နခွန်းပထုံသူ နောင့်နိုင်း၊ ဆုန်ခလာသူ နောင့်မာ့ပရန်း၊ လွဲ့အေတ်သူ နောင့်ဖယ်ရီ၊ နောင့်မွေ၊ နောင့်ဖိမ်း၊ နောင့်မိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။သူဟာ မိန်းမတယောက်ထပ်တွေ့ရင် အရင်မိန်းမတွေနဲ့ တိုင်ပင်ကြောင်း၊ အရင်မိန်းမတွေကလည်း လာမယ့်ညီမကို အရင်အင်တာဗျူးပြီး သူတို့နဲ့အတူနေထိုင်ကြောင်း သဘောတူညီချက်ရပြီးမှ အိမ်ကို ခေါ်လာတာလို့ ဆိုပါတယ်။

အဆိုပါမိန်းမတွေကို ခေါ်လာတာလည်း သက်ဆိုင်ရာမိဘဆွေမျိုးထံ သွားရောက်တောင်းရမ်း ယူခဲ့ကြောင်း၊ အိမ်မှာလာနေပြီးတဲ့နောက် တယောက်နဲ့တယောက် ပွင့်လင်းစွာ မိသားတစ်စုလို ချစ်ချစ်ခင်ခင်နေရမယ်၊ နောက်ချစ်သူသစ်တွေ့ရင် နောက်မီးလင်းတာမျိုးမလုပ်ရဘဲ ပွင့်ပွင့်လင်း လင်းဖွင့်ဟပြောဆိုပြီး ကောင်းမွန်စွာ ခွဲထွက်ခွင့်ပြုတယ်လို့ ဆိုပါတယ်။

သတင်းထောက်က သူ့မိန်းမ ၈ ယောက်လုံးကို အင်တာဗျူးရာမှာ နိုင်းနာ့ဿ်ဖုန်းမှာ စိတ်သဘောထားကောင်းမွန်ပြီး ပွင့်လင်းမှုရှိကြောင်း၊ သူတို့ရဲ့ဘဝကို ပိုကောင်းလာအောင် လမ်းညွှန်သွန်သင်တတ်သူ၊စိတ်နွေးထွေးမှုပေးသူ၊ အိမ်ထောင့်တာဝန်ယူနိုင်သူ၊ ဆွဲဆောင်မှုရှိသူမို့ သဘောတူလက်ခံခဲ့ကြတာ၊ လာနေတော့လည်း ညီအမလိုဖြစ်သွားပြီး ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။

သူဟာ အင်းအိုင်လက်ဖွဲ့တွေလုပ်ရောင်းတတ်လို့ သူ့ရဲ့အဆောင်လက်ဖွဲ့တွေကြောင့် မြာစွံနေတာ လားလို့ သတင်းထောက်က မေးရာမှာ သူကရယ်မောပြီး မိန်းမတွေကို စိတ်နေစိတ်ထားပေါ်မူ တည်ပြီး ပေါင်းသင်းနေတာလို့ ဖြေကြားပါတယ်။သူဟာ ဆယ်ကျော်သက် လူပျိုဘဝကတော့ ပေတေဆိုးသွမ်းခဲ့တဲ့ လူငယ်တယောက်ဖြစ်ခဲ့ကြောင်း၊ ငွေတိုးချေးစားသူဆီမှာအလုပ်လုပ်ပြီး အကြွေးတောင်းလို့မရပါက ထိုးနှက်ခဲ့တယ်လို့လည်း ဝန်ခံပါတယ်။

Thai Man Happy Life with eight wives | Asia Today

အဲဒီနောက် ထိုင်းဘုရင်နရေ့ဆွန် (မြန်မာအခေါ် ဗြနရာဇာ်) သူရဲကောင်းကို မကြာခဏအိပ်မက်မြင်ပြီး (ထိုစဉ်က အိပ်မက်ထဲမြင်သူမှာ ဗြနရာဇ်ဘုရင်မှန်းမသိ ) တနေ့တော့ မမျှော်လင့်ဘဲ ဘုရင့်ရုပ်တုလက်ဆောင်လာပေးသူရှိပြီးသူရဲကောင်းဘုရင်အကြောင်းလေ့လာရင်း ဘုရင့်ရုပ်ထုပါ ကိုးကွယ်ကာ ဘုရားတရားအလုပ်လည်းလုပ် အင်းအိုင်မန္တာန်တွေလေ့လာပြီး ဆေးမင်ကြောင်အရုပ်အမျိုးမျိုး ထိုးနှံတဲ့အလုပ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

နဝမမြောက်ဇနီးကော ရှိဦးမှာလားလို့ သတင်းထောက်ကမေးရာမှာ ပြောမရသေးဘူးလို့ သူကဖြေကြားသွားပါတယ်။လက်ရှိ ဇနီးသည်တွေထဲက နှစ်ဦးမှာ သားဦး ကိုယ်ဝန်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။