တက္ကသိုလ်ကျောင်းသား/သူအဖွဲ့ရဲ့ လပေါ်ဆင်းသက်ရေးယာဉ်ကို လကမ္ဘာပေါ် စေလွှတ်တော့မယ်

International News
တက္ကသိုလ်ကျောင်းသား/သူအဖွဲ့ရဲ့ လပေါ်ဆင်းသက်ရေးယာဉ်ကို လကမ္ဘာပေါ် စေလွှတ်တော့မယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တက္ကသိုလ်ကျောင်းသား/သူအဖွဲ့ရဲ့ လပေါ်ဆင်းသက်ရေးယာဉ်ကို လကမ္ဘာပေါ် စေလွှတ်တော့မယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသား/သူအဖွဲ့ရဲ့ လပေါ်ဆင်းသက်ရေးယာဉ်ကို လကမ္ဘာပေါ် စေလွှတ်တော့မယ်

တက္ကသိုလ်ကျောင်းသား/သူ အဖွဲ့က ပထမဆုံး ပုဂ္ဂလိကပိုင် လပေါ်ဆင်းသက်ယာဉ်ကို လကမ္ဘာရဲ့ မျက်နှာပြင်ပေါ် စေလွှတ်တော့မှာပါ။ Iris လို့ အမည်ရတဲ့ လပေါ်ဆင်းသက်ယာဉ်ကို ကာနက်ဂျီမယ်လွန်တက္ကသိုလ်ရဲ့ ပစ်ဘာ့ဂ်ကျောင်းဝန်းထဲမှာ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး Vulcan Centaur ဒုံးပျံနဲ့အတူ လကမ္ဘာပေါ် လွှတ်တင်မှာဖြစ်ပါတယ်။

လပေါ်ဆင်းသက်ယာဉ်ရဲ့ ထိန်းချုပ်ရေးစင်တာမှာတော့ ကျောင်းသား/သူတွေက အဖွဲ့လိုက်၊ အချိန်အပိုင်းအခြားအလိုက် စောင့်ကြည့်ကာ လုပ်ဆောင်ချက်တွေကို ညွှန်ကြားပေးမှာပါ။ အဲဒီစီမံကိန်းအရ လပေါ်ဆင်းသက်ယာဉ်ရဲ့ လကမ္ဘာပေါ်မှာ နာရီ ၆၀ ကြာမြင့်မှာ ဖြစ်ပါတယ်။

Star Wars ဇာတ်ကားထဲကအတိုင်း မေလ ၄ ရက်နေ့မှာ လပေါ်ဆင်းသက်ရေးယာဉ်ကို လကမ္ဘာရဲ့မျက်နှာပြင်ပေါ် လွှတ်တင်မှာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။