YBS 6 ပေါ်မှာ ခါးပိုက်နှိုက်ခံရတဲ့ အတွေ့အကြုံ

Local News
YBS 6 ပေါ်မှာ ခါးပိုက်နှိုက်ခံရတဲ့ အတွေ့အကြုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ YBS 6 ပေါ်မှာ ခါးပိုက်နှိုက်ခံရတဲ့ အတွေ့အကြုံဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

YBS 6 ပေါ်မှာ ခါးပိုက်နှိုက်ခံရတဲ့ အတွေ့အကြုံ

ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာဆိုရင် နေ့စဉ်တရားဉပဒေစိုးမိုးမှုလျော့နည်းလာပြီး မကောင်းမှုဒုစရိုက်မှုတွေ တနေ့ထက်တနေ့ပိုပိုဆိုးလာကြတာ လူအများမျက်မြင်ပဲဖြစ်ပါတယ်။ ဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ် ဆိုးသွမ်းရမ်းကားပြီး ဉပဒေမဲ့လုပ်ရပ်တွေကြားသိနေရတာမကြာခဏပါပဲ။ အခုဆိုရင်လည်း ခါးပိုက်နှိုက်နာမည်ကြီးတဲ့ ရန်ကုန်မြို့ရဲ့YBS ပေါ်မှ ခရီးသည်တယောက်ရဲ့ အတွေ့အကြုံအကြောင်း လူအများ သတိထားနိုင်ရန်ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

“ဒီနေ့မနက် 8:15. လောက် YBS 6 ပေါ်မှာဖုန်းထပ်နှိုက်ခံရပါတယ် ဘောင်းဘီအိတ်ကပ်ထဲမှာထည့်ထားတာကိုလာနှိုက်တာပါ အဝါအကွက်နဲ့ကောင်ကနှိုက်တာပါ ဖုန်းတော့မပါသွားပါဘူး ဒီကောင်တွေက လေး ကောင်ပါ သုံး ကောင်ပဲသေချာသိလို့ အမှတ်ပြထားပါတယ်သတိထားရအောင်ပါ ဒီကောင်တွေဆင်းဆင်းခြင်းရိုက်လိုက်တာမို့ ရုပ်တော့အပါမရိုက်နိုင်မိလိုက်ဘူး တောင်းပန်ပါတယ်” ဆိုပြီး ပုံနှင့်တကွ သတိထားနိုင်ရန် တင်ပေးခဲ့တာဖြစ်ပါတယ်။ မသမာသူတွေက အုပ်စုလိုက် လှုပ်ရှားကြတာမို့ ပြည်သူတွေအနေနဲ့အချင်းချင်း ရိုင်းပင်းကူညီကြမှ သက်သာရာရမှာဖြစ်တာမို့ အချင်းချင်းကူညီစောင့်ရှောက်နိုင်ကြပါစေ။

ရေးသားသူ – Hein Thet Paing

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။