12ရာသီခွင်များအတွက် လကုန်ပိုင်း သတိထားစရာ

Astrology
12ရာသီခွင်များအတွက် လကုန်ပိုင်း သတိထားစရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 12ရာသီခွင်များအတွက် လကုန်ပိုင်း သတိထားစရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

12ရာသီခွင်များအတွက် လကုန်ပိုင်း သတိထားစရာ
 

ဒီလကုန်ပိုင်း သတိထားစရာလို့ဆိုတာမှာ
– စက်ပစ္စည်း အပျောက်အပျက်များတတ်တယ်
– ဆက်သွယ်ရေး ၊ မီး ၊ လျပ်စစ် ၊ ခေတ်မီစက်ကိရိယာ ယာဥ်ကားနဲ့ပတ်သက်လို့ စိတ်သောကရောက်ရနိုင်ပါတယ်

လျပ်စစ်နဲ့ပတ်သက်လို့ဆိုတာမှာ မီးပျက်တာတစ်ခုထဲမဟုတ်ဘူး ၊ ဓာတ်လိုက်တာ မီးလန့်တတ်တာ ၊ ဆက်သွယ်ရေးပစ္စည်း ၊ လျပ်စစ်ပစ္စည်း ဖုန်း ကွန်ပြူတာကနေ ဘက်ထရီနဲ့သုံးရတဲ့ပစ္စည်းတွေ ပိုဂရုစိုက်စေချင်တယ် ။

အွန်လိုင်းနဲ့ပတ်သက်လို့ စိတ်ရှုပ်ရနိုင်ပါတယ် ။ အရေးကြီးကိစ္စတွေ လူချင်းသာတွေ့ပြီးစီစဥ်ပါ ။ အချစ်ရေးမှာဆိုလည်း ဖုန်းထဲကညှိနှိုင်းတာ ၊ ဖြေရှင်းတာမျိုးအားမပေးဘူး ။ LDRS အချစ်ရေးတွေ အလှုပ်အခတ်ရှိပါတယ် ။ ကိုယ်ဟာ April အစထဲက Stress များနေတယ်ဆို Mental Health အတွက် Social Media က Break ယူပါလို့အကြံပေးပါတယ် ။ ကိုယ့်ဟာကိုယ်စာလေးပဲဖတ်နေနေ ၊ စိတ်ချမ်းသာသလိုလေးနေပါ ။

Retrograde လည်း မေလလည်အထိရှိလို့ Ex ပြန်လာတာ ၊ စိတ်ထဲပြန်ရောက်လာတတ်တာကတော့ ထူးပြီးပြောမနေတော့ဘူး ။ လက်ခံတာလက်မခံတာတော့ ကိုယ့်သဘောပါ (အပူချိန်များတဲ့အထဲ တစ်ပူပေါ်နှစ်ပူဆင့်ချင်သူများ စမ်းကြည့်သင့်)
ဒီရက်တွေထဲ ထူးထူးခြားခြားအိပ်မက်တွေ မြင်ရတတ်တယ် ။

မေ့ပြီထင်တဲ့အရာ ၊ မဖြေရှင်းရသေးတဲ့ Trauma တွေပြန်မြင်ယောင်တတ်တယ် ။ မကြေလည်ခဲ့တဲ့ အတိတ်ဟောင်းနဲ့ပတ်သက်ပြီး စိတ်ထဲပြန်ရောက်လာတာ ၊ သတင်းသဲ့သဲ့ကြားတာ ၊ အဆက်အသွယ်ပြန်ရတာမျိုးက အကြောင်းအရင်းရှိပါတယ် ။ အစအဆုံးပြန်ခံစားဖို့မဟုတ်သလို ၊ သာယာပြီးမျောလိုက်သွားဖို့လည်း မဟုတ်ပါဘူး ။

ပြီးခဲ့တာကိုလက်ခံပါ ၊ သူ့အမှားလို့ထင်တဲ့အရာက ကိုယ့်အလွန်ဖြစ်ကြောင်းမြင်လာတတ်သလို ၊ သူမှားခဲ့တာကို Let Go လုပ်နိုင်မယ် ။ ကိုယ်မှားခဲ့ရင်လည်း ကိုယ့်ကိုကိုယ်ခွင့်လွှတ်ခွင့်ရမယ် ။ အတိတ်ကို စိတ်ပြတ်ပြတ်နဲ့အနိုင်ပိုင်းဖို့ အခွင့်အရေးပါ ။ သုံးနိုင်ရင် Closure တစ်ခုဖန်တီးခွင့်ရနိုင်တယ် ။ စိတ်ထဲမတင်မကျဖြစ်နေတဲ့အရာ ပတ်ပြေးနေတာတွေ သုံးသပ်ခွင့် ၊ ထုတ်ပြောခွင့်ရမယ် ။

စိတ်ကောင်းထားဖို့ ဘာသာရေးဂရုစိုက်ဖို့လိုတဲ့ကာလပါ ။ ငါးပါးသီလလုံအောင်နေပါ ၊ ကိုယ်ကောင်းတာလုပ်နေလည်း အကုသိုလ်ရောပြီးအကျိုးပေးနိုင်တဲ့နေရာက ခွာပါ ။ ဝဠ်လည်မြန်တဲ့သဘောလေးရှိပါတယ် ။ အကျိုးပေးမြန်တတ်တယ် ။ ကိုယ့်အပေါ်တင်စီးခဲ့သူတွေ လှည်းဘီးတစ်ပတ်လည်တတ်တယ် ၊ စိတ်ထဲကကျေနပ်တာ ပျော်တာမျိုးရှောင်ပါလို့သတိပေးပါတယ် ။

ရာသီခွင်အားလုံးအတွက် ရည်ရွယ်ပါတယ်နော် ။ နည်းနည်းတိကျရရင် Earth Sign တွေဖြစ်တဲ့ Taurus , Virgo , Capricorn တို့ရယ် Gemini , Libra , Pisces တို့အတွက် အနည်းနဲ့အများ သက်ရောက်မှုပိုနိုင်ပါတယ် ။ အားလုံးအပူပင်ကင်းပြီး အေးချမ်းနိုင်ပါစေ

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။