ဒတ်ချ်လူမျိုးပညာရှင်တစ်ဦးရဲ့ကိုယ်ဖျောက်ခြင်းအနုပညာ

Celebrity International News
ဒတ်ချ်လူမျိုးပညာရှင်တစ်ဦးရဲ့ကိုယ်ဖျောက်ခြင်းအနုပညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒတ်ချ်လူမျိုးပညာရှင်တစ်ဦးရဲ့ကိုယ်ဖျောက်ခြင်းအနုပညာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးပညာရှင်တစ်ဦးရဲ့ကိုယ်ဖျောက်ခြင်းအနုပညာ

ဒက်စီရီ ပေါ်လ်မန်းဆိုသူက သူ့ရဲ့ကိုယ်ဖျောက်ခြင်းအနုပညာကြောင့် လူသိများတဲ့ ဒတ်ချ်လူမျိုးခေတ်ပြိုင်ပညာရှင်တစ်ဦးပါ။ သူ့ရဲ့ကိုယ်ဖျောက်ခြင်းအနုပညာဆိုတာက တိရစ္ဆာန်အရောင်၊ အသွင်အပြင်တွေ၊ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းထင်ရအောင်လုပ်တာပါ။ အဲဒါတွေနဲ့ တစ်သားတည်းထင်ရအောင် ဆေးခြယ်ထားတဲ့ အဝတ်အစားတွေကို သူကိုယ်တိုင်ဝတ်ဆင်အသုံးပြုပြီးတော့ ဖန်တီးပါတယ်။

ဒီကိုယ်ဖျောက်ခြင်းအနုပညာကို ဖန်တီးဖို့ စိတ်ကူးကတော့ ရော်တာဒမ်မြို့ရဲ့အန္တရာယ်များတဲ့ဧရိယာတွေမှာ ရဲစောင့်ကြည့်ကင်မရာတွေ တပ်ဆင်တာကနေ ဖြစ်လာခဲ့တာပါ။ လူတွေ သူတို့ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်ဖျောက်ထားလို့ရနိုင်ခြေရှိနိုင်တဲ့အပေါ် တွေးတောမိခဲ့တာပါ။

နယ်သာလန်၊ Maasbracht မြို့လေးမှာ မွေးဖွားခဲ့တဲ့ပေါ်လ်မန်းက ကိုယ်ဖျောက်ခြင်းအနုပညာကို လုပ်ဖို့အတွက် ဓာတ်ပုံရိုက်လိုတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံကို ပုံဖော်ဖန်တီးပါတယ်။ သူ့ရဲ့ပထမဆုံးပြပွဲဟာ ၁၉၉၁ ခုနှစ်က the Euregionale ပါ။

နောက်ဆုံးလုပ်ဖြစ်ခဲ့တဲ့ပြပွဲက ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Limburg Biennale ပြပွဲပါ။
သူ့ရဲ့ကိုယ်ဖျောက်ခြင်းအနုပညာက နယ်သာလန်၊ ဂျေရုဆလင်၊ ဝေးလ်၊ ဂျာမနီ၊ ဩစတြီးယား၊ အီတလီ၊ ကနေဒါ အပါအဝင် နိုင်ငံအသီးသီးမှာလည်း မြင်ရပါတယ်။ သူ့ရဲ့လက်ရာတွေကို ဂျာမနီမှာ မကြာခဏပြသပါတယ်။ သူ့ရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်မှာ Charlotte Köhler Prize အပါအဝင် ဆုများစွာနဲ့ ထောက်ပံ့ကြေးများစွာရရှိခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။