၁၃၈၅ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၅ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၃၈၅ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၃၈၅ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာကံကြမ္မာ ဟောစာတမ်း... -  Wedding Guide

ယခု ၁၃၈၅ခုနှစ်တွင် စည်းကမ်းကို အလေးအနက် ထားကာမှ အောင်မြင်မှု ရရှိမည့် နှစ်ဖြစ်သည်။ လုပ်ငန်းကိစ္စ အသစ်များကို မိသားစုဝင်များထဲမှ ပူပေါင်းလုပ်ဆောင်လျှင် ပိုမို အကျိုးပေးနိုင်မည်။ မိတ်ဆွေသစ်များနှင့် ကြုံတွေ့ရပြီး ၎င်းတို့နှင့် ပတ်သက်၍ သိက္ခာကျဖွယ်များ ကြုံတွေ့ရမည်။ စီးပွားရေး၌ ဦးဆောင်မှု ကောင်းပြီး တွေဝေမှုမရှိပဲ ပြတ်သားနိုင်ပါမှ အောင်မြင်မှုကို ရရှိနိုင်မည်။ ငွေကြေး စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် လုပ်ငန်းမှ အကျိုးအမြတ်များကို တိကျစွာ ဖော်ပြရန် မလွယ်ကူပေ။ လူမှုရေးဆိုင်ရာနှင့် အသင်းအဖွဲ့များတွင် စာချုပ်စာတမ်းများနှင့် ပတ်သက်၍ ပါဝင်ဖြေရှင်းရမည်။

ပိုင်ဆိုင် ရရှိနေသော ဝင်ငွေများကို စည်းကမ်းမဲ့ မသုံးစွဲသင့်ပါ။ မရွေ့ပြောင်းနိုင်သော အိုးအိမ်၊ မြေယာအသစ်များ ဝယ်ယူ ပိုင်ဆိုင်ရမည်။ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ လုံးဝ မလုပ်သင့်ပါ။

စည်းကမ်းနှင့် ညီညွတ်သော ကုမ္ပဏီ လုပ်ငန်းသစ်များ လုပ်ငန်း တိုးချဲ့ခြင်းများ ပြုလုပ်ရမည်။ ပညာရေး ထူးချွန် ထက်မြတ်မည်။ အတွင်းနေ အတူနေ ပုဂ္ဂိုလ်များ၏ သစ္စာ ဖောက်ခံရလိမ့်မည်။ ကျန်းမာရေး ကောင်းပါသည်။ အဆုတ် အအေးမမိစေရန် ဂရုစိုက်ရမည်။

ငယ်ရွယ်သူအဖို့ ရည်းစားများပြီး စိတ်ခံစားချက် အပေါ်လိုက်ကာ ပြောင်းလဲ တတ်သောကြောင့် စိတ်ညစ်မှု များမည်။ ကြံစည် ရည်ရွယ်ထားသော အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စရပ်များ ပျက်တတ်သည်။ မလွတ်လပ်သူများ မုဆိုးဖို၊ မုဆိုးမနှင့် တစ်ခုလပ်များနှင့် ကြုံတွေ့ရမည်။

အမျိုးသား၊ အမျိုးသမီး ကြီးငယ်များကလည်း လာရောက် ပတ်သက်တတ်သည်။ သတိထားပါ။ အိမ်ထောင်သည်များ အိမ်တွင်းရေး ရှုပ်ထွေးနိုင်သောကြောင့် သတိဖြင့် ထိန်းကျောင်းရမည့် ကာလဖြစ်သည်။

ယတြာ – မွေးနေ့ မနက် ၉နာရီ ၄၅မိနစ် အချိန် အိမ်ဘုရားတွင် ဘဲသား ပေါင်မုန့် ၅လုံး ဒါမှမဟုတ် ပေါင်မုန့် ၅လုံး ကြိုက်ရာတစ်မျိုး ကပ်လှူပြီး လိုရာ ဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့လဲ စားလို့ရပါသည်။ စွန့်ပစ်ချင်လဲ စွန့်ပါ။ ကြိုက်သလို လုပ်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေရှင်

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။