တချို့လူတွေက သွေးမြင်ရင် ဘာလို့မူးမေ့တာလဲ

Health Knowledge
တချို့လူတွေက သွေးမြင်ရင် ဘာလို့မူးမေ့တာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တချို့လူတွေက သွေးမြင်ရင် ဘာလို့မူးမေ့တာလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တချို့လူတွေက သွေးမြင်ရင် ဘာလို့မူးမေ့တာလဲ

သွေးလှူတာနဲ့ သွေးစစ်ဆေးချက်တွေပြုလုပ်ရတာက သင့်အတွက် သာမန်ကိစ္စတစ်ခုလိုဖြစ်နေမှာပါ။ ဒါပေမဲ့ တချို့လူတွေအတွက် အဲဒီကိစ္စတွေက စိတ်ခေါ်မှုတစ်ခုလိုဖြစ်နေပြီး ခက်ခဲလှပါတယ်။ တချို့လူတွေကို သွေးမြင်ရင်ကိုပဲ မူးမေ့သွားတတ်ကြပါတယ်။ အဲဒီအပြုအမူက တချို့လူတွေအတွက် အထူးအဆန်းဖြစ်နေကြပုံပါပဲ။ သွေးမြင်ရင် မူးမေ့တတ်တဲ့သူတွေရှိတာတကယ်ပါ။

ဆေးပညာအရဆိုရင် ဒီလိုဖြစ်တာက ရုတ်တရက်မနစ်မြို့စရာမြင်ကွင်းတစ်ခုခု၊ သွေးအစရှိတာတွေကို မြင်တဲ့အတွက် vasovagal syncope လို့ခေါ်တဲ့ သွေးပေါင်ချိန်ရုတ်တရက်ထိုးကျပြီး သတိလစ်သွားတာမျိုးဖြစ်ပါတယ်။ ဘာလို့ အဲဒီလိုဖြစ်ရတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သွေးမြင်ပြီး မူးမေ့ရတာက ကြောက်စိတ်လွန်ကဲမှုအမျိုးအစားတစ်ခုပါပဲ။ သွေးအကြောက်လွန်တဲ့ ရောဂါလို့လည်းသိကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူ (၁) ရာခိုင်နှုန်းကနေ (၂) ရာခိုင်နှုန်းခန့်လောက်က ဒီပြဿနာကို ခံစားကြရပါတယ်။ ဒီအကြောက်လွန်ကဲမှုလက္ခဏာရပ်တွေက အခြားအကြောက်လွန်တဲ့ရောဂါတွေထက် သိသာပါတယ်။

သွေးကြောက်လွန်တဲ့ရောဂါရှိတဲ့ လူတစ်ယောက်က သွေးမြင်တဲ့အခါ သူ့ရဲ့နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတွေက ရုတ်တရက်ထိုးကျပါတယ်။ သွေးပေါင်ချိန်ကျတာနဲ့ ဦးနှောက်ထဲစီးဆင်းတဲ့သွေးကလည်း ထိုးကျပြီး မူးလဲသွားရတာဖြစ်ပါတယ်။ သွေးကြောက်လွန်တဲ့ရောဂါရဲ့ အခြားလက္ခဏာရပ်တွေ အသက်ရှုမဝတာ၊ ရင်ဘတ်နာကျင်တာ၊ ရီဝေဝေဖြစ်တာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာတွေဖြစ်ပါတယ်။

Vasovagal Syncopeက သာမန်ကျန်းမာရေးအခြေအနေဖြစ်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။ သွေးပေါင်ချိန်နည်းတဲ့လက္ခဏာရပ်တွေပြတဲ့အခါ အတိမ်းအစောင်းခံလို့တော့မရပါဘူး။ ဂရုတော့စိုက်သင့်ပါတယ်။ မူးလဲတော့မယ်လို့ သင်နားလည်လိုက်တာနဲ့ ထိုင်ချလိုက်ပါ။

မြန်မြန်သက်သာသွားဖို့ဆိုရင် ခဏလောက် လဲလျောင်းနေတာအကောင်းဆုံးပါပဲ။ သွေးစစ်တာ၊ ကျန်းမာရေးစစ်တာတွေပြုလုပ်တဲ့အခါ စိတ်ကို တည်ငြိမ်အောင်ထားတာ၊ ခန္ဓာကိုယ်ကို ပြေလျော့ထားတာ၊ သွေးဖောက်တဲ့နေရာကို မကြည့်ဘဲ မျက်နှာလွဲထားပါ။ ဒါပေမဲ့ ဒီအခြေအနေက သင့်ကို တော်တော်လေးဒုက္ခပေးနေရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။