မိုင် ၅၀၀ စက်ဘီးနောက်ပြန်စီးပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့ ကြိုးစားခဲ့သူ

International News
မိုင် ၅၀၀ စက်ဘီးနောက်ပြန်စီးပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့ ကြိုးစားခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုင် ၅၀၀ စက်ဘီးနောက်ပြန်စီးပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့ ကြိုးစားခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုင် ၅၀၀ စက်ဘီးနောက်ပြန်စီးပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့ ကြိုးစားခဲ့သူ

စက်ဘီးစီးသမားတစ်ဦးက အခြားသူတွေနဲ့မတူဘဲ စက်ဘီးနောက်ပြန်စီးပြီး မိုင် ၅၀၀ ခရီးနှင်ခဲ့တာပါ။ စက်ဘီးနောက်ပြန်နင်းတာက ပုံမှန်စက်ဘီးနင်းတာထက် လုံးဝကွဲပြားခြားနားတဲ့အရာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်၊ သာလွန်ကောင်းမွန်တဲ့ ထိန်းချုပ်မှုနဲ့ အာရုံစူးစိုက်မှုတွေ လိုအပ်ပါတယ်။
ဝီလ် ဝေါ်ကာဆိုတဲ့ အဲဒီလူက အိုင်အိုဝါပြည်နယ်တခွင် စက်ဘီးနောက်ပြန်စီးပြီး မိုင် ၅၀၀ ခရီးနှင်ပြီးတဲ့နောက်မှာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ရဖို့ မျှော်လင့်နေပါတယ်။ သူက အခုနှစ်ရဲ့ Register’s Annual Great Bicycle Ride ပွဲမှာ အခြားစက်ဘီးသမား ၃၀၀၀၀ ကျော်နဲ့ စီးခဲ့တာပါ။ သူတစ်ယောက်တည်းပဲ စက်ဘီးလက်ကိုင်ဘားပေါ်ထိုင်ပြီး နောက်ပြန်စီးခဲ့တာပါ။

ဝီလ် ဝေါ်ကာက မိုင်အဝေးဆုံး စက်ဘီးနောက်ပြန်စီးတဲ့စံချိန်ကို ချိုးနိုင်မလား သိရဖို့အတွက် သူ့ရဲ့စက်ဘီးနောက်ပြန်စီးတဲ့ဒေတာတွေကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဆီ ပေးပို့ထားပါတယ်။ လက်ရှိမှာတော့ ဒီကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ကိုင်ဆောင်ထားသူက ဩစတြေးလျနိုင်ငံက အန်ဒရူး ဟယ်လင်ဂါဆိုသူပါ။ သူဟာ ၂၀၁၃ ခုနှစ်က ၂၀၉.၇၇ ကီလိုမီတာ စက်ဘီးနောက်ပြန်စီးခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။