တွင်းပေါက်ကြီးထဲမှာ လျှို့ဝှက်တည်ရှိနေတဲ့ ရှေးဟောင်းသစ်တောအုပ်

International News
တွင်းပေါက်ကြီးထဲမှာ လျှို့ဝှက်တည်ရှိနေတဲ့ ရှေးဟောင်းသစ်တောအုပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တွင်းပေါက်ကြီးထဲမှာ လျှို့ဝှက်တည်ရှိနေတဲ့ ရှေးဟောင်းသစ်တောအုပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တွင်းပေါက်ကြီးထဲမှာ လျှို့ဝှက်တည်ရှိနေတဲ့ ရှေးဟောင်းသစ်တောအုပ်

တရုတ်နိုင်ငံက သိပ္ပံပညာရှင်အဖွဲ့ဟာ တွင်းပေါက်ကြီးထဲမှာ လျှို့ဝှက်တည်ရှိနေတဲ့ ရှေးဟောင်းသစ်တောအုပ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကွမ်းရှီဇူအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်လွှာဧရိယာထဲက တွင်းပေါက်ကြီးထဲမှာ ပေ ၆၀၀ ကျော် ကျယ်ဝန်းတဲ့ လျှို့ဝှက်ရှေးဟောင်းသစ်တောအုပ်ကို တွေ့ရှိခဲ့တာပါ။

မေလ ၆ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တဲ့ အဲဒီတွင်းပေါက်ကြီးမှာ ဝင်ပေါက် ၃ ခုရှိပြီး ၄၉၂ ပေ ကျယ်ဝန်းပါတယ်။ ထုထည်အားဖြင့်တော့ ကုဗမီတာ ၅ သန်းကျော် ရှိပါတယ်။ အဲဒီဂူထဲမှာ တွေ့ရတဲ့ သမိုင်းဦးသစ်တောအုပ်ဟာ လက်ရာမပျက်ရှိနေပြီး တချို့သစ်ပင်တွေဟာ အမြင့် ပေ ၁၃၀ ကျော်အထိ ရှိတယ်လို့ တရုတ်ဘူမိဗေဒတိုင်းတာရေးသိပ္ပံဌာနရဲ့ အကြီးတန်းအင်ဂျင်နီယာ ကျန်းယွမ်ဟိုင်က ဆိုပါတယ်။

မက္ကဆီကိုနဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေမှာလည်း အခုလို လျှို့ဝှက်တွင်းပေါက်ကြီးတွေ တွေ့ခဲ့ရဖူးပေမဲ့ ရှေးဟောင်းသစ်တောအုပ်တွေတော့ ပါဝင်နေခြင်းမရှိပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။