အဆစ်ရောင်ခြင်း၊ဆီးလမ်းကြောင်း၊မီးယပ်သွေးဆုံးခြင်း စတဲ့ရောဂါတွေအတွက် စွယ်တော်ရွက်

Health Knowledge
အဆစ်ရောင်ခြင်း၊ဆီးလမ်းကြောင်း၊မီးယပ်သွေးဆုံးခြင်း စတဲ့ရောဂါတွေအတွက် စွယ်တော်ရွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆစ်ရောင်ခြင်း၊ဆီးလမ်းကြောင်း၊မီးယပ်သွေးဆုံးခြင်း စတဲ့ရောဂါတွေအတွက် စွယ်တော်ရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆစ်ရောင်ခြင်း၊ဆီးလမ်းကြောင်း၊မီးယပ်သွေးဆုံးခြင်း စတဲ့ရောဂါတွေအတွက် စွယ်တော်ရွက်

စွယ်တော်ရွက်အနုလေးတွေထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။စွယ်တော်ရွက်က ဟင်းချိုလည်းချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်းအရမ်းကောင်းပါတယ်။

ကြက်သွန်ဖြူ ငရုတ်ကောင်းပုဇွန်ခြောက် ထောင်းထားပါ။

စားနိုင်သလောက်ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။ မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။ ဟင်း အိုးဆူလာရင်ချွေထားသော

စွယ်တော်ရွက်များကိုထည့်ပါ။အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။

စွယ်တော်ရွက်နုများကိုဟင်းချိုချက်သောက်၍လည်းကောင်း ၊ကြော်ချက်ပြုလုပ်၍လည်းကောင်း၊စားသုံးနိုင် သည်။ အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း ၊ အကျိုးများ ရရှိစေပါသည်။ စွယ်တော်နီသည် အေးဖန်၍ဝမ်းမီးကို တောက်စေသည်။ ဝမ်းကို ချုပ်စေတက်သည်။ သလိပ်နာ ၊ လေနာကို နိုင်၏။

အဝါပွင့်သည် ဖန်၏။ စွယ်တော် အငယ်မျိုးသည်တြိဒေါသနာ၊ဦးခေါင်း၍ ပေါက်သောအနာကိုနိုင်၏။ နို့ရည်ကို ပွားစေတက်သည်။ စွယ်တော်ပန်းဖြူကို ပြုတ်သောက်ပါက ဆီးနည်းခြင်း ၊အသည်းရောင်အသားဝါဖြစ်ခြင်း စသည့်ရောဂါများ ပျောက်သည်။

ခရမ်းရောင်သည် သွေးအညစ်အကြေးကိုပယ်စွန့်၍မီးယပ်သွေးဆုံးပျောက် သည်။ အညွန့်များကိုပြုတ်သောက်ခြင်းဖြင့် သွေးပုပ်ကင်းစင်ပြီး အသက်ရှည် ကျန်းမာစေသည်။

အဆစ်ရောင်ရမ်းခြင်း ၊ အဆစ်ကိုက်ခြင်း ဆီအနယ်ကျခြင်းတို့ကို ပျောက်စေသည်။အမြစ်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့်ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကိုပျောက်စေသည်။ ရေငတ်ခြင်းကိုပယ်၍ ထုံကျင်ခြင်းကို ကာကွယ်နိုင်သည်။

စွယ်တော်ပင်သည် တေဇောပျက်၍ အောက်ပိုင်းညောင်းညာကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေသော တန်ဖိုးကြီး မားသည့် ဆေးပင်တစ်ပင် ဖြစ်ပါသည်…။
ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။