အမှိုက်ပုံကြီးနောက်ခံထားပြီး မင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့တဲ့ ထိုင်ဝမ်စုံတွဲ

International News
အမှိုက်ပုံကြီးနောက်ခံထားပြီး မင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့တဲ့ ထိုင်ဝမ်စုံတွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမှိုက်ပုံကြီးနောက်ခံထားပြီး မင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့တဲ့ ထိုင်ဝမ်စုံတွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှိုက်ပုံကြီးနောက်ခံထားပြီး မင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့တဲ့ ထိုင်ဝမ်စုံတွဲ

စုံတွဲတော်တော်များများက သူတို့ရဲ့မင်္ဂလာဓာတ်ပုံတွေကို ရှုခင်းလှတဲ့နေရာတွေမှာ ရိုက်ကြတာများပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်နိုင်ငံက ဒီစုံတွဲကတော့ ကြီးမားတဲ့အမှိုက်ပုံကြီးကို နောက်ခံထားပြီး မင်္ဂလာဓာတ်ပုံတွေ ရိုက်ခဲ့ကြတာပါ။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း Greenpeace ရဲ့တက်ကြွလှုပ်ရှားသူ အိုင်ရစ် ရှိန်းနဲ့ သူ့ရဲ့သတို့သားလောင်းတို့က ထိုင်ဝမ်အလယ်ပိုင်း၊ ပူလီမှာ ရှိတဲ့ အမှိုက်ပုံကြီးရှေ့မှာ အောက်တိုဘာ ၁၄ ရက်နေ့က ရိုက်ခဲ့ကြတာပါ။ ဒီလိုရိုက်ကူးဖြစ်တာက ရည်ရွယ်ချက်ရှိပါတယ်။ အထူးသဖြင့်လာမယ့် သူ့ရဲ့မင်္ဂလာပွဲအတွင်း ပိုလျှံနေတဲ့အမှိုက်သရိုက်၊ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချဖို့ ထိုင်ဝမ်လူမျိုးတွေကို တိုက်တွန်းဖို့ပါပဲ။

သူတို့စုံတွဲက ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ မင်္ဂလာပွဲတစ်ခုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ စားကြွင်းစားကျန်တွေကို အိမ်ပြန်သယ်ဖို့အတွက် ကိုယ်ပိုင်ထည့်စရာဘူးတွေသယ်လာဖို့ ဧည့်သည်တွေကို သူတို့စုံတွဲက တောင်းဆိုထားပါတယ်။

သူတို့စုံတွဲက လုပ်ရပ်က စကားလုံးထက် ပိုထိရောက်တယ်ဆိုတာ နားလည်ထားတဲ့ သူတို့စုံတွဲက မင်္ဂလာဓာတ်ပုံရိုက်ကူးဖို့အတွက် အမှိုက်ပုံကြီးရှိတဲ့နေရာကို တိုင်ပေကနေ ၃ နာရီကြာ ခရီးနှင်ခဲ့ရပါတယ်။ သူတို့ရဲ့မင်္ဂလာဓာတ်ပုံတွေမြင်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆွေမျိုးတွေက သက်သက်လွတ်စားဖို့ ဆန္ဒရှိနေကြတဲ့အပြင် သူတို့ရဲ့ကိုယ်ပိုင်ထည့်စရာဘူးတွေကို ယူလာဖို့ ဆန္ဒရှိနေကြပါတယ်။ အခုဆို ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့စုံတွဲရဲ့မင်္ဂလာဓာတ်ပုံတွေဟာ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတွေရဲ့အာရုံစိုက်မှုကို ရလာစေခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။