သူငယ်ချင်း(၃)ယောက်အတူတူအမှတ်တရတွေကို လွမ်းမိတယ်ဆိုတဲ့ Rဇာနည်

Celebrity Local News
သူငယ်ချင်း(၃)ယောက်အတူတူအမှတ်တရတွေကို လွမ်းမိတယ်ဆိုတဲ့ Rဇာနည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူငယ်ချင်း(၃)ယောက်အတူတူအမှတ်တရတွေကို လွမ်းမိတယ်ဆိုတဲ့ Rဇာနည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူငယ်ချင်း(၃)ယောက်အတူတူအမှတ်တရတွေကို လွမ်းမိတယ်ဆိုတဲ့ Rဇာနည်

အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းများစွာကို သီဆို ထားပြီး ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထား သူကတော့ ဝါရင့်အဆိုတော်ကြီး Rဇာနည် ပဲဖြစ်ပါတယ်။ သူကတော့ MRTV-4 ကထုတ်လွှင့်ပြသတဲ့ The Voice Myanmar မှာ သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော်၊ကျားပေါက်၊ရန်ရန်ချမ်း တို့နဲ့အတူ ဒိုင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။

သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့ ချစ်စရာကောင်းတဲ့ ကလေး၃ယောက်ရဲ့ဖခင် တစ်ဦးလဲဖြစ်ပါ တယ်။ Rဇာနည် ဟာ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့ တတ်တတ်ကြွကြွ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာတော့ ဘေးကင်းရာကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ R ဇာနည် ကတော့ မြန်မာပြည်မှာစစ်အာဏာသိမ်းတဲ့နေ့မှစပြီးပြည်သူတွေနဲ့ အတူ အမှန်တရားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးထဲတွင် အပါအဝင်ဖြစ်ပါတယ်။

ဒါကြောင့်လဲ ပြည်သူတွေက ပိုမိုချစ်ခင်အားပေးကြတာလဲ ဖြစ်ပါတယ်။ အဆိုတော် R ဇာနည် ဟာ သူငယ်ချင်းသုံး ယောက် အတူပျော်ခဲ့ဖူးတဲ့ အမှတ်တရတွေကို လွမ်းနေမိ ကြောင်းကို လွန်ခဲ့တဲ့ ၃ နှစ်က ဇေယျာသော် ၊ရန်ရန်ချမ်း တို့ ပါဝင်တဲ့ Live လေးကို ပြန်လည်မျှဝေရင်း “လွန်ခဲ့တဲ့ ၃ နှစ် က ၃ ကောင် လွမ်းတာကွာ ” လို့ R ဇာနည် ဟာ သူ့ရဲ့လူမှုကွန် ယက်ပေါ်မှာ ရေးသားထားတာကြောင့် ပရိသတ်အားလုံးက စိတ်မကောင်းဖြစ်နေကြပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။