အစားမှား၍ အဆိပ်သင့်ခဲ့လျှင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ် ကို သတိရပါ

Health Knowledge
အစားမှား၍ အဆိပ်သင့်ခဲ့လျှင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ် ကို သတိရပါ

လူမှာအစားအသောက်၊ အနေအထိုင်က သင့်တင့်မျှတစွာ စားသောက်နေထိုင်ရပါမည်။ မိမိနှင့် မတည့်သော အစား အစာ၊ တက်စာများ စားသောက်မိရင် ရောဂါဝေဒနာ ဖြစ်တတ်ပါသည်။

စားချင်တဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး မတည့် သော အစားအစာ မစားသင့်ပါဘူး။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အခြားသူတွေအတွက် အဆင် ပြေပေမယ့် မိမိစားသောက်မိရင် မတည့်တဲ့ အစားအစာတွေကို အမြဲသတိထားသင့်ပါတယ်။

အစားမတော် တလုပ် ဆိုသော ထုံးနှလုံးကို အမြဲသတိမူနိုင်အောင် လေ့ကျင့် စားသောက်ပါ။

ငါးအသည်း၊ တညင်းသီး၊ ပဲမြစ်၊ မှိုတို့ကို စား သောက်မိရင်ဖြစ်စေ၊ မတည့်သော အစားအစာတို့ကို ရောစပ် စားသောက် မိရင်ဖြစ်စေ အခန့်မသင့်ရင် အစာအဆိပ် သင့်တတ်ပါတယ်။

ဧကရာဇ်မြစ်

ဧကရာဇ်ပင် – အစာအဆိပ်သင့်ရင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ်ဟာ အကောင်းဆုံးပါ။ ဘုမ္မရာဇာမြစ်ဟာ သွေးတိုး ကျဆေးအဖြစ် သုံးစွဲကြပါတယ်။ စိုးရိမ်ကြောင့်ကြခြင်း၊ နှလုံးတုန် မြန်ခြင်းတို့နဲ့ ယှဉ်သော သွေးတိုးရောဂါ ခံစားနေ ရ သူတွေအတွက် အကောင်းဆုံး၊ အထူးသင့်တော်ဆုံးဖြစ်တဲ့ ဆေးမြစ် ဖြစ်ပါတယ်။

ဘုမ္မရာဇာမြစ်ကို အားတိုးဆေး၊ အိပ်ဆေး၊ အဖျား ဖြတ်ဆေး၊ လေဆေးနဲ့ အဆိပ်ဖြေဆေးတွေမှာ ထည့်ပြီး သုံးစွဲကြပါတယ်။

ဧကရာဇ်မြစ်ကတော့ ပြုတ်ပြီး သုပ်စားခြင်း၊ ကြော်စားခြင်းဖြင့် မီးယပ်ငုပ်ခြင်းနဲ့ သွေးတိုးရောဂါအတွက်ပါ သက်သာပျောက် ကင်းစေပါ တယ်။

အပွင့်ကို ဟင်းချို ချက်စားခြင်း၊ အညွန့်ကို စားခြင်းဖြင့် သွေးတိုး၊ နှလုံးတုန်ရောဂါ ပျောက်ကင်းစေပါတယ်။ အ မြစ်ကို ဆန်ဆေးရေနဲ့ သွေးပြီးသကြား၊ ဆားအနည်းငယ်ခတ်ပြီး သောက်ပေးပါက ရင်တုန်၊ ခေါင်းမူး ပျောက်စေပါ တယ်။

အမြစ်စိုကို ထန်းလျှက်နဲ့ ကျိုသောက်ရင်လည်း ခရုသင်းစွဲတဲ့ရောဂါ ပျောက်ပါတယ်။အမြစ်သို့မဟုတ် အ ခေါက်ကို သွေးပြီး လျှာမှာ ပွတ်ပေးရင် အရက်အမူးလွန်ရောဂါ ပျောက်ကင်းပါတယ်။

ဘုမ္မရာဇာ

အစာစားများပြီး အဆိပ်အ တောက်ဖြစ်ခဲ့ရင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ်ကို ချင့်ချိန်ပြီး သွေးပြီး တိုက်ပေးပါ။မိနစ်ပိုင်းအတွင်း သက်သာပျောက် ကင်း ပါလိမ့်မယ်။အထက်ပါ နည်းလေးတွေကို မှတ်ထားပြီး အစာစားမှားကာ အဆိပ်အတောက်ဖြစ်ခဲ့သူများကို စာဖတ်ပရိသတ်က တစ်ဆင့် လမ်းညွှန်ကူညီပြုစုပေးချင်လို့ စေတနာနဲ့ ရေးပေးလိုက်ပါတယ်။

Credit – မောင်သင်းနွယ် (မြေပြန့်)

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။