နုပျိုနေဖို့က စိတ်ကအဓိကကျပါတယ်ဆိုပြီး နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်ကိုပြောပြလာတဲ့မင်းသားနေတိုး

Celebrity Local News
နုပျိုနေဖို့က စိတ်ကအဓိကကျပါတယ်ဆိုပြီး နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်ကိုပြောပြလာတဲ့မင်းသားနေတိုး

သရုပ်ဆောင်နေတိုးကတော့အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသော ဇာတ်ကောင်တွေမှာ မတူညီတဲ့ သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝရရှိထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်မှာ ရုတ်တရက်ကြီး အိမ်ထောင်ပြုသွားခဲ့တဲ့အတွက် ပရိသတ်တွေက အံ့အားသင့်သွားခဲ့ပြီး အတော်လေးရေပန်းစားတဲ့ သတင်းတပုဒ်ဖြစ်သွားခဲ့ပါသေးတယ်။ နေတိုးကသူ့ရဲ့ပရိသတ်တွေကို supriseတိုက်ရတာကြိုက်တဲ့သူဖြစ်ပုံရပါတယ်။

သရုပ်ဆောင်နေတိုး ကတော့ယခုအချိန်ကာလများမှာဆိုရင်တော့ အနုပညာအလုပ်များကိုရပ်နားထားပြီးသာယာတဲ့မိသားစုလေးဘဝကိုအေးအေးချမ်းချမ်း သာသာယာယာဖြတ်သန်းနေပါတယ်။ အခုဆိုရင်အစွမ်းထက်လှတဲ့ ကျွန်တော်တို့ရဲ့မင်းသားကြီးနေတိုးကတော့ သားဦးတယောက်ပါရနေပြီပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ နေတိုးကသူ့ရဲ့ နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်ကိုပြောပြလာတာပဲဖြစ်ပါတယ်။”နုပျိုဖို့ဆိုတာ စိတ်က အဓိက ကျပါတယ်…ကိုယ်ရဲ့စိတ်ကို Control လုပ် နိုင်ဖို့က အရေးကြီးတဲ့အချက်ပါ..လူတစ်ယောက်က ကိုယ့်ရဲ့ ရုပ်ရည်ကို လှအောင်နေဖို့အတွက် ဒေါသကင်းအောင် အရင်လုပ်ရမယ်..ကျန် တာကတော့ နုပျိုအောင် သဲသဲ ဆီက Skincare တွေ ကပ်သုံးနေရတယ် …ဘာထူးခြားလာသလဲဆိုရင်တော့ သဲသဲရဲ့ ဂရုစိုက်မှုကြောင့်မျက်နှာလေး ပိုပြီးGlowလာတယ်လို့ထင်တာပါပဲလို”ပြောပြလာတဲ့ တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။