စကားအပြောနိုင်ဆုံးဆုရတဲ့ နေ့နံများ

Astrology

စကားအပြောနိုင်ဆုံးဆုရတဲ့ နေ့နံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စကားအပြောနိုင်ဆုံဆုရတဲ့ နေ့နံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စကားအပြောနိုင်ဆုံးဆုရတဲ့ နေ့နံများ

အင်္ဂါ

အင်္ဂါသားသမီးတော်တော်များများက စကားပြောတဲ့နေရာမှာ ဆရာကျလွန်းပီး သူငယ်ချင်းတွေဝိုင်းဖွဲ့ စကားပြောကြတယ်ဆိုရင်တောင် သူထိပ်ဆုံးကပြောနိုင်ပီး စကားအပြောနိုင်ဆုံး ဆုရတတ်တယ်။ အင်္ဂါသားသမီးတစ်ယောက်ကို ချစ်သူရည်းတော်ထားရတယ်ဆိုရင်တော့ ခန္ဓီပါရမီကို ကန်ထရိုက်ဆွဲထားရတတ်ပီး စိတ်ပူတတ်တဲ့နေရာမှာ ၂ယောက်မရှိတဲ့လူသားတွေ ဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာ ကျွမ်းကျင်အဆင့်ဖြစ်ပီး ချက်ဆို နဂွတ်ကမီးတောက်ဆိုလို အပွေးမြင်၊ အပင်သိပီး အရိပ်ပြရုံနဲ့ အကောင်းလုံးလိုက်မြင်တတ်လို့ အင်္ဂါသားသမီးတွေ လူလည်ကျဖို့ကြိုးစားမယ်ဆိုရင်တော့ အချိန်ကုန်တာပဲ အဖက်တင်တတ်ပါလိမ့်မယ်။ စိတ်ပူတာ၂ယောက်မရှိဆိုသလို အတွေးလေးတွေနဲ့ ကမ္ဘာပတ်နေတတ်ပီး ကိစ္စအသေးအဖွဲလေးဆိုလဲ အများကြီးတွေတောပီး အားငယ်သလို၊ စိတ်ဆိုးသလိုဖြစ်တတ်ကာ ပီးကာမှ သူမဟုတ်သလို ကလေးစိတ်လေးနဲ့ ဟီးဟီးဟဲဟဲ လုပ်တတ်ကြသူတွေဖြစ်ပါတယ်။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးတွေကတော့ အပြင်ပန်းဟန်ပန်ကိုကြည့်ရင် သူက တည်ငြိမ်တယ်၊ သူက လူအေးလေး စသဖြင့်ထင်ရတတ်ပေမယ့် အကြောင်းသိချင်ရင် ပေါင်းကြည့်မှသိဆိုသလိုပဲ သူတို့နဲ့ရင်းနှီးသွားရင်တော့ ဆူနာမီထပ်ကြမ်းတဲ့ လေလုံးပစ်အငြင်းပြိုင်ပွဲတေ ဖြစ်လာတတ်ပါတယ်။ စကားပြောတဲ့နေရာမှာလဲ ပီးစလွယ်ပြောတာမျိုးမဟုတ်ဖဲ အချက်ကျကျနဲ့ သေချာတွေးတောပီးမှ ပြောတာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်တဲ့သူအပေါ်မှာဆို ဆိုးရိမ်စိတ်နဲ့ ပြောဆိုတတ်ကြပီး တစ်ဖက်လူက ကိုယ်ပြောတာလေးတွေကို လက်ခံသွားရင် စိတ်ထဲမှာအရမ်းကြည်နူးတတ်တယ်။ ဗုဒ္ဓဟူးသားသမီးကို ချစ်သူရည်းစားအဖြစ် ပိုင်ဆိုင်ထားရရင် နင်ကလဲ တစ်ခုခုဆိုပြောမယ်ဆိုတာကြီးပဲ၊ နင်ကိုက အစိုးရိမ်လွန်တာပါ၊ နင်အေးအေးဆေးဆေးနေလို့မရဘူးလားဆိုပီး အပစ်တင်ခံရတာ ခဏခဏဖြစ်တတ်တယ်၊ တကယ်တော့ ဗုဒ္ဓဟူးသားသမီးတွေက သူတို့ချစ်ခင်သူတွေကို စကားပြောဆို၊ ရှင်းပြ၊ ပြောပြ စတာတွေလုပ်တတ်တာဖြစ်ပီး ကိုယ့်စိတ်ထဲမရှိတဲ့လူကိုတော့ ဘာစကားမှကြီးကြီးမားမားမပြောတတ်ဖဲ တိတ်ဆိတ်နေတတ်ပါတယ်။People talking Images | Free Vectors, Stock Photos & PSD

စနေ
စနေသမီးတွေက ကိုယ်ချစ်တဲ့ခင်တဲ့သူအပေါ်မှာဆို ကောင်းစေချင်တဲ့စိတ်၊ သူ့ကိုတိုးတတ်လိုစေချင်တဲ့စိတ်အပြည့်နဲ့ တစ်ခုပီးတစ်ခုလိုက်ပြောဆိုနေတတ်တဲ့သူတွေဖြစ်ပီး တစ်ဖက်သူအမြင်မှာကျ စိတ်ကျဉ်းကျပ်တယ်ဖြစ်နေတတ်တယ်။ တစ်ခုခုဆို ပြောလို့ဆိုလို့မပီးတော့ပဲ အရမ်းလက်ပေါက်ကပ်တဲ့လူလို့ထင်ခံရတတ်တယ်။ တစ်ခါတလေကျရင် တည်ငြိမ်နေတတ်ပီး စိတ်တိုရင် တိမ်ပေါ်ထိလိုက်တတ်တယ်။ အရာရာကို လက်တွေ့ကျကျစဉ်းစားတွေးခေါ်တတ်ပီး စိတ်ကူးသမားမဟုတ်ဖဲ လက်တွေ့ကျကျ စကားပြောတတ်သူ၊ လေ့လာတတ်သူဖြစ်ပါတယ်။ စကားပြောတဲ့ရောမှာ ဆင်ဝှေ့ရန်ရှောင်စကားပြောတတ်သလို တစ်ချို့နေရာတွေမှာလဲ တိတ်ဆိတ်နေတတ်တယ်၊ အပြင်ပိုင်းကိုကြည့်ရုံနဲ့ လွယ်လွယ်အကဲခတ်လို့ မရဘဲ တစ်ခါတရံ မိမိအတိတ်က အဖြစ်အပျက်တွေကြောင့် ဘာစကားမှမပြောနိုင်ဘဲ တွေဝေနေပီး စိတ်ဓာတ်ကျနေမိသလိုဖြစ်နေတတ်တယ်။ စနေသားသမီးတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်ထားရင် သူ့ဘဝနဲ့ရင်းပီး သင့်ကိုကူညီတတ်ပီး သင်တိုးတတ်တာကိုမြင်ချင်တဲ့လူတစ်ယောက်ဖြစ်မှာ အသေအချာပါပဲ။


တနင်္လာ
အပြင်သွားမယ်ဟေ့လို့ပြောလိုက်တာနဲ့ ထိပ်ဆုံးကနေ ဉီးဆောင်တတ်တာ တနင်္လာဖြစ်ပါတယ်၊ ငြိမ်နေရင်လဲ ၂ယောက်မရှိသလို အူမြူပီဟေ့ဆိုရင်လဲ သူထိပ်ဆုံးကဖြစ်ပါတယ်၊ စကားတစ်လုံးမှားတာလေးကအစ အထအနကောက်တတ်တယ်။ စကားလုံးလှလှလေးတွေနဲ့ အရည်ပျော်တဲ့ထဲမှာတော့ သူတို့မပါပါဘူး၊ တစ်ခွန်ပြောရင် ၂ခွန်းပြန်ပြောတတ်တဲ့အကျင့်နဲ့ မဟုတ်မခံစိတ်က အမေမွေးကတည်းပါတဲ့ ဆုလာဘ်ဖြစ်ပါတယ်။ စကားပြောတဲ့ပုံစံ၊ ဟန်ပန်လေးကိုက အခြားသူတွေနဲ့ မတူဘဲ ကွဲထွက်နေပီး ဆဲတာလေးကအစ ချစ်စရာကောင်းနေတတ်တယ်။ သေချာတာတစ်ခုကတော့ တနင်္လာသားသမီးတစ်ယောက်ယောက်နဲ့ စကားလက်စုံပြောဖူးပီဆိုတာနဲ့ သင်သူ့ကိုခင်မင်ချင်စိတ် ဖြစ်သွားပါလိမ့်မယ်။

ရေးသားသူ – Tarot by Nay Htoo

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။