ဆူဒန်ဟာ ရုရှားရဲ့ ဗာဂနာတပ်ဖွဲ့နဲ့ ယူကရိန်း‌တပ်တွေရဲ့ စစ်မြေပြင်ဖြစ်လာသလား

International News
ဆူဒန်ဟာ ရုရှားရဲ့ ဗာဂနာတပ်ဖွဲ့နဲ့ ယူကရိန်း‌တပ်တွေရဲ့ စစ်မြေပြင်ဖြစ်လာသလား

ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန် (ယာ) နဲ့ ဗိုလ်ချုပ်ကြီး ဟယ်မက်တီ (ဝဲ)

ဓာတ်ပုံ ပုံစာ,၂၀၂၃ ဧပြီကတည်းက ဆူဒန်မှာ ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန် (ယာ) နဲ့ အရင်က သူ့ရဲ့လက်ထောက်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဟယ်မက်တီ (ဝဲ) တို့ကြား အာဏာလုတဲ့စစ်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။

၂၀၂၃ စက်တင်ဘာတုန်းက မထင်ထားတဲ့နေရာတစ်ခုမှာ မျှော်လင့်မထားတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက နယူးယောက်က ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးကနေအပြန် အိုင်ယာလန်နိုင်ငံက ရှန်နွန်လေဆိပ်မှာ ဆူဒန်ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် အစိုးရတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဘဒယ် ဖာတာ အယ်လ်ဘာဟန် နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ခေါင်းဆောင်နှစ်ယောက်က နိုင်ငံတကာလုံခြုံရေးနဲ့ “ရုရှားထောက်ပံ့ထားတဲ့ တရားမဝင်lat nat ကိုင်အဖွဲ့ တွေရဲ့ ခြိမ်းခြောက်မှုတွေ” အကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ပဲ ထုတ်ပြောခဲ့ကြပါတယ်။

ရှန်နွန်လေဆိပ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းတဲ့ လေယာဥ်တွေ ခေတ္တ ရပ်နားပြီး လေယာဥ်ဆီဖြည့်ဖို့အတွက်အသုံးပြုလေ့ရှိတဲ့လေဆိပ်တစ်ခုပါ။ ဇာလန်းစကီးရဲ့ သမ္မတရုံးထုတ်ပြန်ချက်အရဆိုရင် ဒီခေါင်းဆောင်နှစ်ယောက် ရဲ့ တွေ့ဆုံမှုဟာ “ကြိုတင်ချိန်းဆိုထားတဲ့တွေ့ဆုံမှုမျိုးမဟုတ်ဘူး” လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ ဒီတွေ့ဆုံမှုဖြစ်လာဖို့ ယူကရိန်းစစ်တပ်ရဲ့ အထူးတပ်ဖွဲ့တွေက အဓိက စီစဥ်ခဲ့တာဆိုတဲ့ ပြောဆိုမှုတွေရှိနေပါတယ်။

ယူကရိန်းသမ္မတ နဲ့ ဆူဒန်ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တို့ မမျှော်လင့်ဘဲတွေ့ဆုံမှု

အဲဒီကာလက ဆူဒန်မှာ အစိုးရစစ်တပ်နဲ့ အစိုးရဆန့်ကျင်တဲ့ Rapid Support Forces (RSF) လို့ခေါ်တဲ့ အမြန်ထောက်ကူlat natကိုင်တပ်ဖွဲ့တို့ကြားမှာ တိုက်ပွဲကြီးတွေဖြစ်နေချိန်ပါ။

တစ်ဖက်မှာ သမ္မတတာဝန်ကိုလည်း ယူထားတဲ့ ဆူဒန်စစ်တပ်က ဗိုလ်ချုပ်ကြီး အဘဒယ်ဖာတာ အယ်လ်ဘာဟန်နဲ့ RSF တပ် ဗိုလ်ချုပ် မိုဟာမက် ဟမ်ဒမ် ဒါဂလို တို့ အာဏာလုကြရာကနေ ဒီအခြေအနေ ဆိုက်လာတာဖြစ်ပါတယ်။ ဒါဂလိုကို ဟယ်မက်တီလို့လည်း အသိများကြပါတယ်။

နှစ်ဖက်တပ်ကြားက တိုက်ပွဲတွေကြောင့် လူသောင်းနဲ့ချီthayဆုံးခဲ့သလို သန်းနဲ့ချီတဲ့ အရပ်သားတွေက သူတို့ရဲ့ နေအိမ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။

အဲဒီလို ဒီဆူဒန်တပ်နှစ်ခုကြားတိုက်ပွဲတွေအတွင်း ဆူဒန်အစိုးရတပ်ကို ယူကရိန်းက ဘယ်လိုဘာကြောင့် ထောက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးခင်ကပဲ ထွက်ပေါ်လာခဲ့ပါတယ်။

The Wall Street Journal ရဲ့ ဖော်ပြချက်အရ ယူကရိန်းစစ်သားတွေဟာ ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန် ကို မြို့တော်ခါတွမ်မှာ ၂၀၂၃ သြဂုတ်လက RSF တပ်က ဝိုင်းရံပိတ်ဆို့ထားချိန်မှာ သူ့ကို ဌာနချုပ်ကနေထွက်ပြေးနိုင်အောင် ယူကရိန်းတပ်တွေက ကူညီပေးခဲ့တာလို့ ဆိုပါတယ်။

အယ်လ်ဘာဟန် နဲ့ ဇာလန်းစကီးတို့ ကြား ဖုန်းပြောဆိုမှုအပြီးမှာ တီမာလို့ ခေါ်တဲ့ ထောက်လှမ်းရေးအရာရှိဦးဆောင်တဲ့ အထူးတပ်သား ရာနဲ့ချီပါဝင်တဲ့ ယူကရိန်းတပ်ဖွဲ့ ဆူဒန်နိုင်ငံကို ရောက်ရှိလာခဲ့ကြောင်းလည်း The Wall Street Journal ကဖော်ပြပါတယ်။

WSJ ရဲ့ သတင်းအရ ဆူဒန်မှာ ရောက်ရှိနေတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေကို ‘တီမာ’ ဆိုတဲ့ ယူကရိန်း ထောက်လှမ်းရေးအရာရှိက အမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။

The Wall Street Journal ရဲ့ အပြောအရဆိုရင်ယူကရိန်းတပ်ဖွဲ့ဝင်တွေက အယ်လ်ဘာဟန်ကို ကယ်ထုတ်နိုင်ရုံသာမက မြင်ကွင်းထောက်လှမ်းဒရုန်းတွေကိုလည်း အကူအညီပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် RSF တပ်တွေကို ညပိုင်းစီးနင်းတိုက်ခိုက်မှုတွေဝင်လုပ်ပေးပြီး ဆူဒန်အစိုးရတပ်နဲ့ အမြန်ထောက်ကူတပ်ကြားက စစ်ရေးအခြေအနေကို ပြောင်းလဲပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘီဘီစီရဲ့ အမေးကို ယူကရိန်းဘက်က တုံ့ပြန်ချက်မှာ ယူကရိန်းထောက်လှမ်းရေးတပ်အနေနဲ့ ဆူဒန်အရေးမှာ ယူကရိန်းအစိုးရ ပါဝင်ပတ်သက်တာရှိ မရှိဆိုတာကို ငြင်းဆိုတာမရှိသလို အတည်ပြုတာလည်း မရှိပါဘူး။ “ယူကရိန်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ပထဝီဝင်ဒေသအလိုက် နယ်မြေအသီးသီးမှာ လှုပ်ရှားမှုတွေရှိနေတယ်” လို့ သာ ဖြေခဲ့ပါတယ်။

ဆူဒန်မှာ ဗာဂနာတပ်ဖွဲ့တွေ ဘာလုပ်နေသလဲ

ဖေဖော်ဝါရီလက ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တစ်ခုထဲမှာတော့ ဆူဒန်မှာရှိနေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကlat nat ကြီးကျည်တွေ ထိမှန်ထားတဲ့ စစ်သုံးယာဥ်ထဲမှာ thayဆုံးနေတဲ့ ရုရှားစစ်သား တစ်ဦးရဲ့ ရုပ်အလောင်းကို စစ်ဆေးကြည့်ရှုနေတာတွေ့ရပါတယ်။

အဲဒီ စစ်သုံးယာဉ်မှာ ရုရှားကြေးစားတပ် ဗာဂနာရဲ့ အမှတ်တံဆိပ်တပ်ထားတာလည်း တွေ့ရပါတယ်။

ဗီဒီယိုရဲ့ နောက်ထပ်အပိုင်းမှာတော့ ယူကရိန်းစစ်သားတွေက သူတို့ ဖမ်းဆီးထားတဲ့ ရုရှားစစ်သားတွေကို မေးမြန်းစစ်ဆေးတာ တွေ့ရပါတယ်။

”ခင်ဗျားတို့ ဒီနေရာမှာရှိနေတဲ့ ရည်မှန်းချက်ကဘာလဲ” လို့ ယူကရိန်းအရာရှိတစ်ယောက်က ရုရှားစစ်သားကို မေးခွန်းထုတ်နေပါတယ်။

“ဒေသန္တရအစိုးရကို ဖြုတ်ချဖို့”လို့ ရုရှားစစ်သားကပြန်ဖြေပါတယ်။

အဲဒီ ဗီဒီယိုကို ဆူဒန်က ဘယ်နေရာ မှာ ဘယ်အချိန်တုန်းက ရိုက်ကူးခဲ့လဲဆိုတာကိုတော့ လတ်တလော သိရတာမရှိသေးလို့ ဘီဘီစီက ဒါကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ရုရှားကြေးစားတပ် ဗာဂနာဟာ ဆူဒန်အစိုးရစစ်တပ်နဲ့ RSF တပ်တို့အကြား တိုက်ပွဲတွေမဖြစ်ခင်အစောပိုင်းကတည်းက ဆူဒန်မှာရှိနေတာခဲ့တာ ကြာပြီဖြစ်ပါတယ်။

ဆူဒန်မှာ ဗာဂနာကြေးစားစစ်သားတွေရောက်နေတယ်ဆိုတဲ့ ပထမဆုံးဗီဒီယိုဖိုင်တွေ ထွက်လာတာ ၂၀၁၇ ခုနှစ်လောက်ကတည်းကပါ။ ဆူဒန်စစ်သားတွေကို စစ်ရေးလေ့ကျင့်မှုတွေမှာ ဗာဂနာအဖွဲ့က ပါဝင်သင်ကြားလေ့ကျင့်ပေးပြီး ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကူညီပေးခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗာဂနာတပ်ရဲ့ ခေါင်းဆောင် ယက်ဂေနီ ပရီဂေါ့ဂျင် thayဆုံးတဲ့ ၂၀၂၃ သြဂုတ်နောက်မှာတော့ ဆူဒန်အပါအဝင် အာဖရိကမှာလှုပ်ရှားနေပါတဲ့ ဗာဂနာတပ်တွေဟာ ရုရှားအထူးတပ်ဖွဲ့ ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ပါတယ်။

ရုရှား “ဗာဂနာ ” ကြေးစားတွေက RSF တိုက်ခိုက်ရေးသမားတွေကို ထောက်ပံ့နေ

အခုအခါ ဆူဒန်မှာရှိနေတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ အဓိက ပစ်မှတ်က RSF ကို ပံ့ပိုးနေတဲ့ “ဗာဂနာ” ကြေးစားတပ်ဖွဲ့ဝင်တွေ ဖြစ်ပုံရတယ်လို့ BBC Monitoring ဌာနက စောင့်ကြည့်လေ့လာသူ Beverley Ochieng က မှတ်ချက်ပြုပါတယ်။

”ဆူဒန်မှာရှိနေတဲ့ယူကရိန်းတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်း တွေအရဆိုရင် သူတို့ဟာ RSF ကို တိုက်ခိုက်နေတဲ့ ဆူဒန်စစ်တပ်ကို ပံ့ပိုးကူညီမှုထက် ရုရှားကို ပစ်မှတ်ထားတဲ့ဘက်ကို ပိုပြီးအာရုံစိုက်နေပုံရတယ်” လို့ Beverley Ochieng က ပြောပါတယ်။

ယူကရိန်းအာဏာပိုင်တွေကတော့ “ဗာဂနာ” အဖွဲ့ဟာ စစ်ရာဇ၀တ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေးအကြီးအကဲ ကိုင်ရီလိုဘူဒါနော့ဗ် က ဆူဒန်မှာ တပ်စွဲထားတဲ့ ဗာဂနာစစ်သားအချို့ဟာ ယူကရိန်းစစ်ပွဲမှာလည်း ပါဝင်ပတ်သက်ခဲ့နိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

“ယူကရိန်းကို တိုက်ခိုက်ခဲ့တဲ့၊​ တိုက်ခိုက်နေတဲ့၊ တိုက်ခိုက်လာမယ့် ရုရှား စစ်ရာဇဝတ်သားတွေအားလုံး ဘယ်သူတွေဖြစ်ဖြစ် ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို အပြစ်ပေးခံရလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် ယူကရိန်းဟာ ဆူဒန်မှာရှိတဲ့ ရုရှားကြေးစားတပ်တွေရဲ့ ရန်ပုံငွေကို ဖြတ်တောက်ဖို့လည်း ကြိုးပမ်းနေတယ်လို့ လန်ဒန်အခြေစိုက် နိုင်ငံရေးအကြမ်းဖက်မှုဆိုင်ရာသုတေသနအဖွဲ့ ကပညာရှင် မူရတ်ဘာတယ် ရှီရှန်နီ ကပြောပါတယ်။

“ဟယ်မက်တီ ( RSF တပ် ဗိုလ်ချုပ် မာဟာမက်ဟမ်ဒမ်ဒဂယ်လို) ဟာ အာဖရိကမှာရှိနေတဲ့ ရုရှားကြေးစားတပ်တွေအတွက် အဓိကအားဖြင့် ဗာဂနာ အဖွဲ့အတွက် အကြီးဆုံးမဟာမိတ်ဖြစ်ပါတယ်။ ဗာဂနာရဲ့ အဓိက ရန်ပုံငွေဖြစ်တဲ့ ရွှေကို သူ က ထိန်းချုပ်ထားတယ်”လို့ မူရတ်ဘာတယ် ရှီရှန်နီ က ဆိုပါတယ်။

,ဗိုလ်ချုပ် ဟယ်မက်တီဟာ ဆူဒန် က အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးလို့ သတ်မှတ်ခံထားရပါတယ်။

၂၀၂၂ ခုနှစ်က စီအန်အန် သတင်းဌာနရဲ့ သတင်းမှာတော့ ရုရှားဟာ ဆူဒန်က ရွှေတူးဖော်မှုလုပ်ငန်းတွေနဲ့ ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြခဲ့ပြီး ရုရှားတွေဟာ ဆူဒန်ကနေ ဆီးရီးယားကို ရွှေတွေ တင်ဆောင်ထားတဲ့ လေယာဉ် ၁၆ ​​စင်း ပို့ခဲ့တယ်လို့ဆိုပါတယ်။

ဆူဒန်မှာရှိတဲ့ ရုရှားတွေဝင်လုပ်နေတဲ့ ရွှေလုပ်ငန်းတွေကို တိုက်ခိုက်ဖို့ အစီအစဥ်ရှိတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက The Wall Street Journal ကို အတည်ပြုထားပါတယ်။

ဟယ်မက်တီ စစ်ရှုံးပြီး ဆူဒန်အစိုးရတပ်နဲ့ ယူကရိန်းတို့ကြားက ဆက်ဆံရေး ခိုင်မာလာရင် ပင်လယ်နီက ဆူဒန်ဆိပ်ကမ်းမှာ စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ ပြင်နေတဲ့ ရုရှားရဲ့ အစီအစဉ်တွေကို နှောင့်နှေးစေနိုင်မှာပါ။

ရန်သူရဲ့ ရန်သူက မိတ်ဆွေ

အချို့ လေ့လာသုံးသပ်သူတွေကတော့ လက်ရှိဆူဒန်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကို “ဖြစ်နေကျ ကြားခံစစ်ပွဲ” လို့ ခေါ်ဝေါ်ကြပါတယ်။ တတိယနိုင်ငံတွေက သူတို့ အကျိုးစီးပွားတွေ အတွက် ဟိုဘက် ဒီဘက်က ပါဝင်တိုက်ခိုက်နေတဲ့ ပဋိပက္ခမျိုးလို့ ဆိုလိုတာပါ။

“(RSF ခေါင်းဆောင်) ဟယ်မက်တီကို ယူအေအီး (အာရတ် စော်ဘွားများနိုင်ငံ) နဲ့ ရုရှားက ပံ့ပိုးထားပြီး အယ်လ်ဘာဟန်ကတော့ ဆော်ဒီရဲ့ ဘဏ္ဍာရေးထောက်ပံ့မှု၊ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ပံ့ပိုးမှုတွေနဲ့ စစ်ပွဲကို တဖြည်းဖြည်း အနိုင်ရနေတယ်” လို့ ဝါရှင်တန်အခြေစိုက် သုတေသနအဖွဲ့ Jamestown Foundation ရဲ့ အကြီးအကဲဖြစ်သူ ဂလင်ဟောင်းဝပ် က ပြောပါတယ်။

,ယူကရိန်းက ဆူဒန်မှာ ဆော်ဒီအာရေဗျနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကျွမ်းကျင်သူများက ပြောပါတယ်။

ဆော်ဒီအိမ်ရှေ့စံမင်းသားနဲ့ ယူကရိန်းသမ္မတဇာလန်းစကီး

ယူကရိန်းကတော့ ဘယ်နေရာမှာမဆို ရုရှားကို ခြိမ်းခြောက်နိုင်တဲ့ နိုင်ငံအဖြစ်သူ့ကိုယ်သူပုံဖော်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဝါရှင်တန်အခြေစိုက် New Lines Institute က နီကိုးလပ်စ် အေဟီရတ်စ်က ဆိုပါတယ်။

“ဇာလန်းစကီးနဲ့ အယ်လ်ဘာဟန်ကြားက အစီအစဥ်ကဘာလဲဆိုရင် ‘ရန်သူရဲ့ ရန်သူကကိုယ့်မိတ်ဆွေ’ ဆိုတဲ့ သဘောတရား” ဆက်ဆံပုံမျိုး လို့ သူကပြောပါတယ်။

“ဥရောပမှာတင်မကဘဲ ပူတင်ကို အချိန်မရွေး၊ နေရာမရွေး ထိပ်တိုက်ရင်ဆိုင်သွားမယ့်သူအဖြစ် ဇာလန်းစကီးက နိုင်ငံတကာအသိုက်အဝန်းကို သရုပ်ပြနိုင်ဖို့ လုပ်နေတာ ” လို့ပြောပါတယ်။

ဒါပေမဲ့ ရုရှား-ယူကရိန်း ဆက်ဖြစ်နေတဲ့ စစ်ပွဲကြောင့် ဆူဒန်က ယူကရိန်းတပ်ရဲ့ လုပ်ဆောင်စွမ်းက အခုအချိန်အထိ အကန့်အသတ်ရှိပြီး ယူကရိန်းအနေနဲ့ သူ့ရဲ့ အာဖရိက မဟာမိတ်ကို အထူးတပ်ဖွဲ့ နည်းနည်းနဲ့ပဲ ကူညီနိုင်တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ရုရှားရဲ့ ဆူဒန်မှာရှိနေမှုက ထင်ရှားမြင်သာရှိနေပါတယ်။

“ရုရှားဟာ ဗာဂနာကြေးစားတပ်ကိုအသုံးချပြီး ဆူဒန်မှာ စစ်ရေးအခြေစိုက်ထားနိုင်ပါတယ်။ အမြောက်တွေ၊ မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်စနစ်တွေထောက်ပံ့ပေးထားတဲ့ တိုက်ခိုက်ရေးသမားတပ်ရင်းတွေ ရှိနေပြီး အမြန်ထောက်ကူတပ် RSF ကိုလည်း ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ ပံ့ပိုးပေးနေပါတယ်” လို့ နီကိုးလပ်စ် အေဟီရတ်စ် ကမှတ်ချက်ပြုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။