စားသုံးရန်မသင့်ကြောင်း FDA မှ ထုတ်ပြန်လိုက်သည့်အစားအသောက် အမှတ်တံဆိပ် ( ၂၃ ) မျိုးလုံးဝ (လုံးဝ) ရှောင်သင့်ပါတယ်

Local News

ဦးနှောက်သွေးကြောရောင်အဆုတ်နှလုံးသွေးတိုးဆီးချိုကျောက်ကပ်လေဖြတ်ခလေးသူငယ်တွေဥာဏ်ရည်ထိုင်းခန္ဓာကိုယ်မဖွံ့ဖြိုးပိန်လီခြောက်ကပ်အမျိုးသားယောင်္ကျားလေးတွေပန်းညှိုးလိင်အင်္ဂါသေးသိမ်အစာအိမ်အူလမ်းကြောင်းလိပ်ခေါင်းစအိုနာစတဲ့ရောဂါတွေဖြစ်စေနိုင်တဲ့အပြင်ကုရာနတ္ထိဆေးမရှိတဲ့ကင်ဆာဘုရင်အစားအစာတွေပါ။အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ၂၀၁၉ခုနှစ်ဧပြီလမှဇွန်လအထိစားသုံးရန်မသင့်ဟုစစ်ဆေးတွေ့ရှိခဲ့သည့်အစားအသောက်အမှတ်တံဆိပ်စာရင်းများကိုဖော်ပြပေးလိုက်ပါသည်။FDA မှဈေးကွက်၌ရောင်းချလျက်ရှိသောအစားအသောက်များကိုစစ်ဆေးရာတွင်စားသုံးသူများ၏ကျန်းမာရေးကိုထိခိုက်စေနိုင်သောပါဝင်ပစ္စည်းများအသုံးပြုထားသောကြောင့်စားသုံးရန်မသင့်ကြောင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အချိုရည် ( ၉ ) မျိုး

၁။ Queen အမှတ်တံဆိပ်ပါ စတော်ဘယ်ရီအချိုရည် 750ml ပုလင်း၊

၂။ Aung အမှတ်တံဆိပ်ပါ Juice (သံပုရာဖျော်ရည်)

၃။ Lime Q အမှတ်တံဆိပ်ပါ Instant Lime Drink Mix

၄။ Power Bull အမှတ်တံဆိပ်ပါ Energy Drink

၅။ Fruity အမှတ်တံဆိပ်ပါ အချိုရည်

၆။ Bull အမှတ်တံဆိပ်ပါ အချိုရည်

၇။ Lion အမှတ်တံဆိပ်ပါ (Lion Juice) အချိုရည်

၈။ Super Frozen အမှတ်တံဆိပ်ပါ အချိုရည်

၉။ NSS C-Plus အမှတ်တံဆိပ်ပါ အချိုရည်

ခေါက်ဆွဲ ( ၅ ) မျိုး

၁။ စတားလိုက် အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ

၂။ ချမ်းမြေ့အောင် အမှတ်တံဆိပ်ပါ စပါယ်ရှယ် ဂျုံခေါက်ဆွဲ

၃။ စိန်တံဆိပ် အမှတ်တံဆိပ်ပါ ကြက်ဥခေါက်ဆွဲ

၄။ ဝမ်းစတား အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ

၅။ ဂန္ဓမာပန်း အမှတ်တံဆိပ်ပါ ခေါက်ဆွဲ

ပဲပြား ( ၃ ) မျိုး

၁။ အဝိုင်းတံဆိပ် (ပဲပြား)

၂။ တြိဂံတံဆိပ် (ပဲပြား)

၃။ စကြာင်္တံဆိပ် (ပဲပြား)

ငရုတ်ဆီ ( ၂ ) မျိုး

၁။ ကြက်ဖ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊

၂။ အောင်သိဒ္ဓိ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊

အခြားစားသောက်ကုန် ( ၄ ) မျိုး

၁။ အောင်ထက်ဖြိုး အမှတ်တံဆိပ်ပါ တုတ်ထိုးချိုချဉ်

၂။ နှင်းပုလဲ အမှတ်တံဆိပ်ပါ ငရုတ်အရောင်တင်မှုန့်

၃။ Mi Ki Ko အမှတ်တံဆိပ်ပါ ချယ်ရီသီး၊

၄။ ရွှေပိတောက် အမှတ်တံဆိပ်ပါ ဆန်ကြာဇံ

အထက်ဖော်ပြပါအစားအသောက်များသည်ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများ၊ခွင့်မပြုဆိုးဆေးများပါဝင်ပြီးခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများကိုသတ်မှတ်ပမာဏထက်ပိုမိုကျော်လွန်သုံးစွဲထားခြင်းကြောင့်ရေရှည်စားသုံးမိပါကအစာအိမ်၊အသည်း၊ကျောက်ကပ်များပျက်စီးနိုင်ခြင်းနှင့်

ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ကြက်ကြော်ကို တစ်ပတ်တစ်ကြိမ်ထက် ပိုစားပါကအရွယ်မတိုင်ခင် သေဆုံးနိုင်ချေရှိပါသည်။

အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က) အရ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည်

အစားအသောက်တွင်သုံးစွဲရန်ခွင့်မပြုသောဆိုးဆေးများ၊ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများကိုအသုံးပြုပြီး၊ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကိုသတ်မှတ်ပမာဏအတွင်းအသုံးမပြုပါကအရေးယူခံရမည်ဖြစ်သည်။လက်ရှိကတော့စားသောက်ကုန်ရောင်းချနေတဲ့လိုင်စင်ရှိတဲ့

ဆိုင်အသီးသီးကို အသိပေးပြီးဖြစ်ပါတယ်။ တစ်ချို့သာမာန်ဆိုင်အသီးသီးကတော့ ရောင်းချနေဆဲဖြစ်ပါတယ်။မိဘပြည်သူတွေ ဆင်ခြင်စားသုံးလို့ရအောင် တင်ပြရခြင်းဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ထိရောက်စွာအကုန်အရေးယူနိုင်ဖို့ ဆောင်ရွက်လျှက်ရှိနေပါတယ်။လုပ်ငန်းရှင် အသီးသီးက တားမြစ်စားသောက်ကုန်ပစ္စည်းတွေကိုဒီတံဆိပ်နဲ့အရေးယူခံရလို့ရှိရင် တစ်ခြားနောက်နာမည်တစ်ခုတံဆိပ်ရိုက်ပြီး စျေးကွက်ထဲပြန်ရောင်းနေကြတော့ FDA တာဝန်ရှိသူတွေအဖို့ တော်တော်ကြိုးစားကြပ်မတ်ပြီးစီစစ်အရေးယူဆောင်ရွက်ဖော်ထုတ်လျှက်ရှိနေပါတယ်။

လမ်းဘေးတုတ်ထိုးဆိုင်အသီးသီးမှာလုပ်ရောင်းနေတဲ့အချဉ်ရည်ငရုပ်ဆီအမျိုးမျိုးဟာကင်ဆာကုန်သည်ကြီးတွေဖြစ်ပါတယ်။တစ်နေ့အဲ့ဆိုးကျိုးတွေခန္ဓာကိုယ်ကလီစာတွေထဲမှာရောဂါတစ်ခုမဟုတ်တစ်ခုလက်တွေ့ခံစားရမှာဧကန်မလွဲပေ။လမ်းဘေးအစားအစာအကင်တုတ်ထိုးအသုတ်စုံစတာတွေဖြစ်နိုင်ရင်လုံးဝမစားပဲရှောင်သင့်ပါသည်။

Credit: FDA (အစားအသောက်နဲ့ဆေးဝါးကွတ်ကဲရေးဦးစီးဌာန)

Leave a Reply