Positive လူနာကိုသွားရောက်ခေါ်ဆောင်တဲ့အခါ PPE ဝတ်ပေးစရာလို/မလို MOHS မှ လမ်းညွှန်ချက်

Health Knowledge

အခုတင်ဆက်မယ့် သတင်းလေးကတော့ Positive လူနာကိုသွားရောက်ခေါ်ဆောင်တဲ့အခါ PPE ဝတ်ပေးစရာလို/မလို ဆိုတာကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

ပရိသတ်ကြီးသိတဲ့အတိုင်း ယခုကိစ္စနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ အငြင်းပွားမှုဖြစ်နေပါတယ်။ မကြာသေးမီက ပုလဲမီးသတ်က Positive လူနာကို သွားရောက်ခေါ်ဆောင်ရာမှာ PPE ဝတ်စုံ ဝတ်စေခဲ့လို့ ကိုဗစ်တိုက်ဖျက်ရေးရဲ့ ဆရာဝန်ကြီးက အခုလိုထောက်ပြထားတာဖြစ်ပါတယ်။

ဒါကလည်း PPE ဝတ်စုံဟာ လူနာအတွက် မွန်းကျပ်စေပြီး အားအင်ကုန်ခမ်းစေကာ လမ်းမှာပဲ ကံဆိုးသွားနိုင်လို့ ဆရာဝန်ကြီးက ထောက်ပြတာဖြစ်ပါတယ်။ သက်စွန့်ဆံဖျား ကယ်ဆယ်တဲ့ ပုလဲမီးသတ်မှာ စေတနာအမှားအတွက် အပြစ်မရှိသလို ကိုဗစ်ကိုရှေ့တန်းကတိုက်ဖျက်နေတဲ့ ဆရာဝန်ကြီးကလည်း ဂရုဏာဒေါသောအတွက် အပြစ်မရှိပါဘူး။

ရှေ့ဆက်ပြီးအခုလိုအမှား မဖြစ်အောင်သာ ပရဟိတအဖွဲ့တွေအနေနဲ့ ဂရုပြုရမှာဖြစ်ပါတယ်။ အဲဒါကြောင့် MOHS က 7.5.2020 မှာ ထုတ်ပြန်ခဲ့တဲ့ “COVID-19 ရောဂါ သံသယလူနာများနှင့် ရောဂါပိုးတွေ့ရှိသူလူနာများအား လူနာတင်ယာဉ်ဖြင့် လွှဲပြောင်းပေးပို့ရာတွင် လိုက်နာဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်” လေးကို တင်ဆက်ပေးလိုက်ပါတယ်။

လမ်းညွှန်ချက် စာမျက်နှာ ၁


လမ်းညွှန်ချက် စာမျက်နှာ ၂


လမ်းညွှန်ချက် စာမျက်နှာ ၃

တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေမယ့်အစား အကောင်းမြင်စိတ်လေးနဲ့ အကျိုးပြုချင်တယ်ဆိုရင် ဒီစာလေးကို ပရဟိတအဖွဲ့တွေဆီရောက်အောင် ရှယ်ပေးပါနော်…

၂ ဖွဲ့ လုံးဟာ လေးစားရသူတွေမို့လို့ အဆိုးမြင်စိတ်နဲ့ ကွန်မန့်မပေးဖို့လည်း မေတ္တာရပ်ခံပါတယ်…

Ref: https://www.mohs.gov.mm/page/9831

Leave a Reply