တကျက်ကျက်အိမ်ထောင်ရေး

Astrology

တကျက်ကျက်အိမ်ထောင်ရေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တကျက်ကျက်အိမ်ထောင်ရေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးကတည်းက လင်မယားနှစ်ယောက် မျက်နှာချင်း မဆိုင်မိလိုက်နဲ့ ၊ ဆိုင်မိတာနဲ့ဘာမဟုတ်တာလေးကနေ စကားများရပြီ ။ ဘာရယ်လို့လည်း အကြောင်းအရာက မယ်မယ်ရရမရှိ ။

How Your Brain Makes Fights with a Significant Other Worse | Time

တချို့ကျတော့လည်း အိမ်ထောင်သက်ကတော့ကြာပါပြီ ။ ရန်ရယ်လို့ တစ်ခါမျှ မဖြစ်ဘူးခဲ့ ။ယုတ်စွအဆုံး “နင် ၊ ငါ”ရယ်လို့တောင် စကားလုံးမသုံးဖူးခဲ့ ။ ဒါပေမယ့်လည်း မကြာခင်ကာလအပိုင်းအခြား အတောအတွင်းကျမှ ဘယ်လိုဖြစ်တယ်မသိ ။ အကြောင်းမရှိ အ​ပြစ်ရှာ ရန်လိုတတ်လာတယ် ။ သူကဘယ်လို ၊ ငါကဘယ်အကြောင်းနဲ့ရန်ဆောင်စကားတွေ အစပြုလို့ ရန်ပွဲတွေအထိ ဖြစ်လို့ဖြစ်နဲ့ ။ ရန်ပွဲပြီးလို့ စဥ်းစားကြည့်လိုက်တော့ ရန်ဖြစ်ရတဲ့အကြောင်းက ခိုင်လုံမှု တစ်ခုမျှမရှိ ။

ဇနီးမောင်နှံရန်ပွဲတွေကတော့ အမျိုးအမျိုး ရှိကြတာပေါ့

စီးပွါးရေး အဆင်မပြေလို့ ဖြစ်တဲ့ရန်ပွဲ
လူမှုရေး အဆင်မပြေလို့ ဖြစ်တဲ့ရန်ပွဲ
ကျန်းမာရေး အဆင်မပြေလို့ ဖြစ်တဲ့ရန်ပွဲ
ချမ်းသာရေး အဆင်ပြေပေမဲ့ ဖြစ်တဲ့ရန်ပွဲ

အဲဒီလို ရန်ပွဲတွေထဲကနေ
စောစောက ပြောတဲ့ရန်ပွဲ (အကြောင်းမရှိအကြောင်းရှာ ၊ ပြဿနာမရှိ ပြဿနာရှာ)မကြာခဏ ဖြစ်နေပြီဆိုရင်တော့ မိတ်ဆွေအနေနဲ့မိတ်ဆွေရဲ့ အိမ်ခန်းကို သတိပြု ကြည့်လေ့လာဖို့လိုအပ် လာပါလိမ့်မယ် ။ (တခြားလေ့လာ ပြုပြင်ရမယ့်အကြောင်းတွေလည်း ကျန်ရှိပါသေးတယ် ။)

မိတ်ဆွေ လေ့လာကြည့်လိုက်တဲ့အခါမိတ်ဆွေရဲ့ အိမ်ခန်းအဝင် ၊ တံခါးပေါက်နဲ့မျက်နှာချင်းဆိုင် အတည့်မှာ အလှပြင်မှန်တင်ခုံ# တစ်ခု တွေ့ရပါလိမ့်မယ် ။

အဲဒီလို တွေ့ပြီဆိုရင်တော့မှန်တင်ခုံကို အမြန်ဆုံးသာ အဆင်ပြေရာ ရွေ့ထားပေးလိုက်ပါ ။ (ဒါပေမယ့် မိတ်ဆွေရဲ့အိပ်ရာခြေရင်းဘက်မှာတော့ ဘယ်ကြည့်မှန်မျှ မထားမိပါစေနဲ့ ။ ကျန်းမာရေး အညံ့အခိုက်ကြုံပါမယ် ။ )ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေတို့ ဇနီးမောင်နှံနှစ်ယောက်ကို ကတောက်ကဆဖြစ်အောင် ၊ စကားများအောင် ၊ ရန်ဖြစ်အောင် တွန်းပို့ပေးနေတဲ့စွမ်းအင် သက်ရောက်နေလို့ပါ ။

ဒါကြောင့်မို့အိမ်ခန်း တံခါးဝင်ပေါက်နဲ့ တန်းတန်းမှာအလှပြင် မှန်တင်ခုံ မထားသင့်ပါဘူး ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။