မခံနိုင်တော့တဲ့အဆုံး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ဆီ ပြန်ကပ်

Local News
စစ်ကောင်စီလုံခြုံရေးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ၃ ကြိမ်ရှိပြီလို့ ပြည်တွင်း သတင်းရင်းမြစ် တခုအရ သိရပါတယ်။
အာဆီယံ ရဲ့ ကမ်းလှမ်းချက် အသစ်တွေကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံမယ်လို့ လည်း သိရ ပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အာဆီယံရဲ့ ကမ်းလှမ်းချက်တွေကတော့ ကြားဖြတ် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့၊ ဒါမှမဟုတ် ရွေးကောက်ပွဲထပ်လုပ်ဖို့ တို့ ဖြစ်ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ အကြံပြု အစီအစဥ်ဖြစ်ပြီး၊ အာဆီယံက တဆင့် ကမ်းလှမ်းထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာစစ်တပ်က အာဏာသိမ်းတာကို တကယ်တမ်းမှာ လိုလားခြင်းမရှိဘဲ၊ စစ်ကောင်စီ အနေနဲ့ ကလည်း တိုင်းပြည်ကို ထိန်းနိုင်တဲ့ အနေအထား မရှိတာကို တွေ့နေရပါတယ်။
ပြည်ခိုင်ဖြိုး ခေါင်းဆောင်ဟောင်းတွေ ကလည်း သူတို့အသာစီး အနေနဲ့ အရင်အခြေအနေ ပြန်ရောက်ရေးကို လိုလား ဆောင်ရွက် နေကြတယ်လို့ သတင်းရရှိပါတယ်။

Leave a Reply