၄ နာရီ မီးပေးပြီး ၁၂ နာရီ မီးပြတ်သည့်စနစ် ပြန်လည်စတင်တော့မည်

Local News

၄ နာရီ မီးပေးပြီး ၁၂ နာရီ မီးပြတ်သည့်စနစ် ပြန်လည်စတင်တော့မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၄ နာရီ မီးပေးပြီး ၁၂ နာရီ မီးပြတ်သည့်စနစ် ပြန်လည်စတင်တော့မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ၄ နာရီ မီးပေး ၊ ၁၂ နာရီ မီးပြတ်သည့် အလှည့်ကျစနစ် စတင်ကျင့်သုံး၊ လာမည့်ရက်များတွင် မီးပိုပြတ်နိုင်

မြန်မာနိုင်ငံတစ်ဝန်း မေလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်မီး ၄ နာရီလာ ၊ ၁၂ နာရီ မီးပြတ်သည့်စနစ် စတင်ကျင့်သုံးနေကြောင်း လျှပ်စစ်ဝန်ထမ်းများထံမှ သိရှိရသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား ရရှိမှု အလွန် လျော့နည်းနေသည့်အတွက် ရပ်ကွက်များအလိုက် ၄ နာရီမီးပေး၊ ၁၂ နာရီ မီးပြတ်သည့်စနစ်ကို စတင်ကျင့်သုံးနေရခြင်းဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောသည်။

“အရင်က A ‌B အုပ်စု နှစ်ခုပဲရှိရင် အဲဒါကို အုပ်စု ၄ ခု အဖြစ် ထပ်ခွဲတယ်။ မီးလာ မီးပြတ်ကတော့ ၄ နာရီလာ ၊ ၄ နာရီ မီးပြတ်ပဲ။ ဒါပေမယ့် ခွဲလိုက်တဲ့ အုပ်စုက များတော့ ၄ နာရီ မီးရပြီး ကိုယ့်အလှည့်ပြန်ရောက်ဖို့ဆိုရင် အုပ်စု ၃ ခု မီး အလှည့်ကျပေးတာကို ပြန်စောင့်ရမယ်။

အဲဒီတော့ ၄ နာရီမီးရပြီးရင် ၁၂ နာရီ မီးပြတ်သွားမယ်။ နောက်ပြီး ကြားထဲမှာ ဝန်အားလုံး၀ မနိုင်လို့ လျှော့ချရတာမျိုးဆိုရင်လည်း ကြေညာထားတဲ့အတိုင်း မီးပေးချင်မှလည်း ပေးနိုင်တယ်။ မိုးရွာရင်တော့ ရေအားလျှပ်စစ်ဘက်က ဓာတ်အားပိုရလာရင်တော့ တဖြည်းဖြည်း မီးလာချိန်တိုးသွားမှာပါ” ဟု လျှပ်စစ် သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်မြို့တော်၊ မန္တလေးမြို့၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးတွင် ယမန်နေ့ည ၉ နာရီက System Break Down ဖြစ်ပြီး တစ်နိုင်ငံလုံး မီးပြတ်သွားကြောင်း၊ ည ၁၀ နာရီဝန်းကျင်မှ ပြန်လာပြီး မကြာမီ မြို့ကြီးအများစုတွင် မီးထပ်ပြတ်သွားသည်ဟု သိရှိရသည်။

“မီးကဗျာ ဆင့်—– ခွေးမျှော်ရသလိုပဲ..။ ပူကပူ.. မီးကမလာ….ဟို အာဏာ သိမ်းတဲ့ မအလကိုပဲ လှိမ့်ဆဲနေတာပဲ။ အရင်ခေတ်( NLD အစိုးရ) မှာ မီးမှန်လိုက်တာမှ မီတာခ တက်မှာစိုးလို့တောင် ပိတ်ထားရတာ။ မအလတက်မှပဲ ခံလိုက်ရတဲ့ ဒုက္ခတွေ.. မအလ သေလည်း မသေနိုင်ဘူး..ပြည်သူတွေကို ဒုက္ခပေးနေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ၊ ဓာတ်ပုံ- ရန်ကုန်မြို့တော်မြင်ကွင်း။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။