ဝင်ငွေပုံမှန်ရှိပေမယ့် လက်ထဲမစုမိသူများအတွက်

Knowledge

ဝင်ငွေပုံမှန်ရှိပေမယ့် လက်ထဲမစုမိသူများအတွက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ ဝင်ငွေပုံမှန်ရှိပေမယ့် လက်ထဲမစုမိသူများအတွက် ဆိုတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။
ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ဒါလေးတွေ လုပ်လိုက်ပါ အိုကေသွားလိမ့်မယ်နော်
ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်… ။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။

လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်… ။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ… ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်. . . ။ ။

၁။ သုံးပြီးမှ မစုလေနဲ့…

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံ စုတတ်ကြတယ် ။ တကယ်တမ်းတော့ လစဉ် စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ် ။

လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့် ပိုက်ဆံကို သီးသန့် ချန်ထားသင့်ပါတယ် ။

၂။ တံဆိပ်စွဲ မထားလေနဲ့…

ဆယ်သိန်းလောက်ရှိတဲ့ ( i P h o n e ) ဝယ်မယ့်အစား အတန်အသင့် သုံးလို့ကောင်းတဲ့ နှစ်သိန်းတန် စမတ်ဖုန်း တစ်လုံးကို ဝယ်ပြီး ကျန်တဲ့ ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ် ရှိပါတယ် ။

နာမည်ကြီး တံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့ သဘောပါ ။

ဆိုင် ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာ ထိုင်တာထက် အစားအသောက်ကောင်းတဲ့ ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ် ။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ…

အအေးဘူး ဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ ဆိတ်ဖန်များ အနာဖြစ် ” တတ်ပါတယ် ။

ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့ အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ

ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး ။ နှစ်ပတ်လောက် စောင့်လိုက်ပါ ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်တယ်နေတယ် ၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ ။

စောင့်နေတဲ့ အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာ စိတ်မပူပါနဲ့ ။ ပိုကောင်း ပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာ ရောက်နေပါပြီ ။

၅။ အင်တာနက် လျော့သုံးပါ…

ကိုယ့်အလုပ်ဟာ အင်တာနက် နဲ့ မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့ ။ အင်တာနက် ကို ရိုးရိုးသုံးတာထက်စာရင် ။

၆။ လိုအပ်တာလား လိုချင်တာလား…

လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ် ။ “ မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ် ” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့ ။

နောက်ဆုံး အရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ ဘဝဟာ အနှစ်သာရ ပြည့်ဝနေတာပေါ့.

Credit
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။