Cancer (June 21 – July 22)

Astrology

Cancer (June 21 – July 22)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Cancer (June 21 – July 22) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Cancer (June 21 – July 22)
Element – Water
Zodiac Symbol – Crab
Spirit Animal – Rabbit
Birthstone – Moonstone , Ruby , Emerald , Pearl

Personality

Cancer Sign မိဘတွေကိုရထားခဲ့ရင်တော့ သင်ကကံကောင်းတဲ့လူပါ ။ ဘာလို့ဆို Cancer Sign တွေရဲ့ပထမဦးစားပေးက မိသားစုနဲ့သူတို့ Care လုပ်ရတဲ့လူတစ်ချို့ဖြစ်ပြီး သူတို့ရဲ့အသိုင်းအဝိုင်းငယ်လေး နွေးထွေးစေဖို့အတွက် မေတ္တာပဲပေးရမလား ၊ နားလည်ပေးရမလား ၊ ခနပဲရှောင်ဖယ်ပေးရမလား ဘာမဆိုလုပ်ပေးဖို့အသင့်ရှိနေတာပါ ။ ရင်ဖွင့်တာကို သေချာနားထောင်ပေးပြီး လိုအပ်မယ့်အကြံပေးတာမျိုး ၊ Aggressive မဖြစ်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးမလမ်းညွှန်ပေးတာမျိုးကစပြီး ကြိုက်တတ်တဲ့မုန့်လေးတွေလုပ်ပေးတာမျိုး ၊ လမ်းမကြုံကြုံအောင်သွားပြီး တကူးတကဝယ်ထားပေးတာမျိုးထိ အသေးစိတ်ဂရုစိုက်ပေးကြပါတယ် ။ ဒါကြောင့်မို့လည်း Cancer မိဘတွေကိုရထားတဲ့လူတွေမှာ ငယ်ဘဝအမှတ်ရစရာတွေ တစ်သီတစ်သန်းကြီးနဲ့ပါ ။ ချစ်တဲ့လူတွေအတွက် ပေးဆပ်ဖို့ ၊ အနစ်နာခံဖို့ ၊ အကူအညီပေးဖို့အမြဲတမ်း အသင့်အနေအထားဖြစ်နေတဲ့အတွက် သူတို့ဒုက္ခရောက်တဲ့အခါတိုင်း Cancer တွေဆီပဲ ပြေးလာလေ့ရှိပါတယ် ။ တိုတိုပြောရမယ်ဆို Cancer တွေရဲ့အပျော်ဟာ ချစ်ရသူတွေကိုဖြည့်စည်းရတဲ့ပီတိကို အခြေခံတာပါ ။ ဒါ့အပြင် Cancer တွေက အမြဲတမ်းနှစ်ဖက်မျှတွေးပြီး နားလည်တတ်တဲ့အတွက် ဘယ်လောက်ပေါင်းသင်းရခက်တဲ့လူဖြစ်ဖြစ် တည့်အောင်ပေါင်းနိုင်ပါတယ် ။ တခြားထူးခြားချက်အနေနဲ့တော့ ရိုးရာတွေအလေးထားတယ် ၊ ဘာသာရေးကိုင်းရှိုင်းကြတယ် ၊ ကိုယ်ကျင့်တရားကိုအလေးထားသလို အမှတ်သညာလည်းကြီးကြတယ် ။ လူတွေကိုတန်ဖိုးထားသလို Memory ကိုလည်း သိပ်ကိုအရေးထားတဲ့အတွက် ဟိုးကိစ္စသေးသေးလေးကအစ ပြန်မှတ်မိတတ်ပြီး ငယ်ငယ်ကကြုံဖူးတဲ့ဝမ်းနည်းစရာလေးကအစ ပြန်ပြန်ခံစားတတ်သလို ၊ သူတို့ကိုတစ်ခါ မကောင်းခဲ့ဖူးတဲ့လူကိုလည်း တစ်သက်လုံးမမေ့ပါဘူး ။ Cardinal Sign ပီပီ နှလုံးသားနုတဲ့အတွက် ထိလွယ်ရှလွယ်ပြီး Emotional ဖြစ်လေ့ရှိပါတယ် ။ အရယ်လည်းသန်သလို ၊ အငိုလည်းလွယ်ကြတယ် ။ အားနာတတ်တယ် ၊ အားလည်းငယ်တတ်တယ် ၊ စိတ်ခံစားမှုအလိုက် ပေါက်ကွဲလိုက်တာမျိုးနည်းပေမယ့် ပေါက်ကွဲပြီဆိုရင်လည်း လုပ်ခဲ့သူတောင်သတိမထားမိတဲ့ ကိစ္စသေးသေးလေးကအစ အသေးစိတ်ပြန်ပြောပြီးရန်တွေ့လေ့ရှိပါတယ် ။

Cancer Zodiac Sign Traits - 8 Characteristics Of Cancer Signs

မကောင်းတဲ့အချက်

Emotional သမားတွေပီပီ အဆိုးလည်းကြံဖန်မြင်တတ်တယ် ။ ငဲ့စရာတွေ ၊ တွေးစရာတွေများလွန်းပြီး ဆုံးဖြတ်ချက်ချဖို့တွေဝေတတ်တာမျိုး ၊ စစ်မရောက်ခင် မြားကုန်တာမျိုးတွေ ဖြစ်လေ့ရှိကြတယ် ။ အဆိုးဆုံးကတော့ ကြိုးတောင်မကြိုးစားရသေးပဲ လက်လျော့ပစ်လိုက်ကြတာပါ ။ Moody ဖြစ်လွန်းတဲ့အတွက် အခုပြုံးရွှင်နေပေမယ့် ခနနေကြိတ်ငိုချင်ငိုနေတတ်ကြပါသေးတယ် ။ နှစ်ဖက်မျှမြင်လေ့ရှိတယ်ဆိုပေမယ့် တစ်ခါတစ်လေကျ စိတ်ခံစားမှုတွေဖုံးလွှမ်းသွားပြီး အစွန်းရောက်သွားတတ်တာလည်း သူတို့ပါပဲ ။ အဲ့လိုအချိန်ကျရင် သူတို့ချစ်ရတဲ့သူတွေကို အသက်ရှုကြပ်လောက်တဲ့အထိ ချုပ်ချယ်မိတာမျိုး ၊ တွယ်ကပ်မိတာမျိုးလုပ်မိလေ့ရှိပါတယ် ။ မိဘနေရာကဆိုရင် အစိုးရိမ်လွန်ပြီး အပြင်ပေးမထွက်တာမျိုး ၊ ဖုန်းခဏခဏဆက်တာမျိုးပေါ့ ။ ဒါကလည်း မကောင်းတဲ့စိတ်ကြောင့်တော့မဟုတ်ပဲ သူတို့ကိုယ်တိုင်လည်းပူလောင်နေရတဲ့အတွက် သနားစရာလည်းကောင်းကြပါတယ် ။ တစ်ခါတစ်လေ နားအလည်တတ်ဆုံးလူ ၊ တစ်ခါတစ်လေတော့ သူတို့ကိုယ်တိုင်က ကလေးဆိုးကြီးတွေဖြစ်လေ့ရှိပါတယ် ။ သံသယများတတ်တယ် ၊ ခံစားချက်ကိုဖုံးကွယ်ထားပြီး သူများကိုအလိုလိုနားလည်စေချင်ကြတယ် ၊ အငြင်းပယ်ခံရတာမျိုး / အနှိမ်ခံရမှာမျိုးကို သိပ်ကြောက်ကြတဲ့အတွက် သူတို့ဆန္ဒကို ထုတ်မပြောတတ်ကြဘူး ။ တွေဝေတတ်တယ် ၊ လုပ်ရဲကိုင်ရဲမရှိဘူး ဒါကြောင့်မို့သူတို့ရဲ့ Idea ကောင်းကောင်းတွေကို ထုတ်ပြောတဲ့အဆင့်မှာသာပြီးသွားတာများပြီး ဘေးလူက အကောင်အထည်ဖော်သွားတာများပါတယ် ။ ရှက်တတ်တယ် ၊ ကမူးရှုးထိုးရန်ပြန်တွေ့တာကလွဲရင် ချက်ကျလက်ကျ ရန်ပြန်မဖြစ်တတ်ဘူး ၊ ဒါကြောင့်မို့လည်း သူတို့မှန်တဲ့ကိစ္စတွေမှာတောင် သူတို့ရှုံးကြရတာများပါတယ် ။ အဆိုးဆုံးထဲကတစ်ချက်ကတော့ သူများအတွက်ပဲအချိန်ကုန်နေလေ့ရှိတဲ့အတွက် ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့လျော့နေတတ်တာပါပဲ ။

Everything you need to know about the zodiac sign Cancer | PINKVILLA
Ruling Planet

The Moon ရဲ့စိုးမိုးမှုကို ခံထားရတဲ့အတွက် Emotional ဖြစ်ပြီး စိတ်ခံစားမှုများပြားလေ့ရှိပါတယ် ။

ထူးခြားချက်

Cancer တွေမှာ Sixth Sense ရှိကြပါတယ် ။ ထူးထူးခြားခြားကိစ္စတစ်ခုမဖြစ်ခင် အာရုံခံစားမိတာမျိုး ၊ ကြိုသိတာမျိုးတွေဖြစ်လေ့ဖြစ်ထရှိပါတယ် ။ မြင်အပ်မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေ ၊ သိုက်ဆက်တွေရဲ့စောင့်ရှောက်မှုမျိုး ခံရလေ့ရှိပြီး ဘာသာရေးလိုက်စားသူတွေအဖို့ ချဲဂဏာန်းရတာမျိုး ၊ ထီနံပါတ်ရတာမျိုးတွေအပြင် အကူညီတောင်းခံရတဲ့ ထူးထူးခြားခြားအိပ်မက်တွေ မက်လေ့ရှိပါတယ် ။ မချမ်းသာရင်နေ မဆင်းရဲတဲ့ကံတရားပိုင်ရှင်တွေဖြစ်ပြီး ကိုယ်လိုက်စားတဲ့အပေါ်မူတည်ပြီး ဝိပဿနာပိုင်း ၊ စျာန်ပိုင်းတွေမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်လေ့ရှိပါတယ် ။ အသက်ကြီးလာတဲ့အခါ လူတကာကို မေတ္တာရိပ်ပေးနိုင်တဲ့ သစ်ပင်ကောင်းတွေဖြစ်လာလေ့ရှိပြီး နားခိုသူတွေကို နွေးထွေးမှု ၊ စိတ်လုံခြုံမှုတွေပေးလေ့ရှိပါတယ် ။ ဒါ့အပြင် တကယ်လိုအပ်တဲ့လူတွေကို ကိုယ်ရထားတဲ့အရာကို နှမြောခြင်းမရှိပဲ မျှဝေကူညီလေ့ရှိပြီး ပီတိကိုစားအားရှိနေလေ့ရှိပါတယ် ။ ကိုယ်တိုင်က စိတ်ပျော့ပေမယ့် အမှန်တရားဖက် ၊ အားနည်းသူဖက်က ကြံ့ကြံ့ခံရပ်တည်ပေးလေ့ရှိပြီး အမြဲတမ်းသူများကောင်းစားဖို့တွေးရင်း အချိန်ကုန်နေတဲ့ လူကြီးလူငယ်မရွေး အပြုံးချိုချို ၊ အေးအေးချမ်းချမ်းနဲ့ နှစ်လိုဖွယ်လူတွေပေ့ါ ။

အကျိုးပေးသော စီးပွားရေး

ယုံကြည်စိတ်ချရပြီး စီမံခန့်ခွဲတတ်တဲ့အတွက် Finance နဲ့ပတ်သက်တဲ့လုပ်ငန်းတော်တော်များများနဲ့ သင့်လျော်ပါတယ် ။ နှစ်ဖက်မျှတွေးတတ်တဲ့အတွက် ငွေကြေးနဲ့ပတ်သက်ပြီး ညှိနှိုင်းပေးတာမျိုးတွေမှာလည်း အဆင်ပြေလေ့ရှိပါတယ် ။ ဘာသာရေးလိုက်စားပြီး ကံတရားရဲ့ဖေးမမှုလည်းရကြတဲ့အတွက်အတွက် Invest လုပ်တာမျိုးတွေ ၊ Stock ကစားတာမျိုးတွေမှာလည်း အောင်မြင်လေ့ရှိပါတယ် ။ ဆရာဝန် / Nurse လုပ်တာမျိုး ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအလုပ်တွေမှာလည်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကူညီလုပ်ကိုင်လေ့ရှိပါတယ် ။ ဒါ့အပြင် ကိုယ်အားစိတ်အားစိုက်ထုတ်ပြီး အပြုံးချိုချိုနဲ့လုပ်ကိုင်ရတဲ့ Hotel ပိုင်းတွေ ၊ လေယာဥ်မောင်/မယ်မျိုးတွေ ၊ အခြား Service Industries နဲ့ Hospitality ပိုင်းတွေမှာလည်း ထူးချွန်လေ့ရှိပါတယ် ။ ရှောင်ရန်ကတော့ စိတ်ကူးသိပ်ယဥ်တာမျိုး ၊ တွေဝေတာမျိုးနဲ့ ကြားကအာမခံပေးတာမျိုးတွေ ရှောင်စေချင်ပါတယ် ။

အချစ်ရေး

အချစ်ရေးမှာ အရွေးချယ်သင့်ဆုံး Sign ထဲမှာ Cancer ကထိပ်ဆုံးကပေါ့ ။ ချစ်ရသူတစ်ယောက်ကို တစ်ဘဝလုံးပုံအပ်ထားကြပြီး အဲ့လူရဲ့ကောင်းမွေဆိုးမွေအကုန် ခါးစည်းခံလေ့ရှိပါတယ် ။ တတ်နိုင်သမျှသည်းညည်းခံပေးကြပြီး ခွင့်လွှတ်နားလည်ပေးရုံမက ကောင်းတဲ့လမ်းကိုရောက်အောင်လည်း စိတ်ရှည်ရှည်နဲ့ဖြောင့်မတ်ပေးကြပါသေးတယ် ။ ဒါပေမယ့် ကံမကောင်းတဲ့အချက်က များသောအားဖြင့်အချစ်ကံခေတတ်ကြတာပါ ။ ပေးဆပ်မှုသက်သက်နဲ့ချစ်ကြတာများပြီး သူတို့အပေါ်မကောင်းတဲ့လူတစ်ယောက်ကိုလည်း သူတို့ဖက်ကစပြီးလမ်းခွဲတာမျိုး မရှိသလောက်ပါပဲ ။ ဒါကြောင့်မို့လည်း ကံမကောင်းတဲ့ Cancer အများစုက Toxic Relationship ထဲမှာ ပိတ်မိနေတတ်ကြတာပါ ။ ပိုဆိုးတာက တစ်ချိန်မှာအထားခဲ့ခံရပြီး အစစအရာရာပိုကောင်းတဲ့အခြားတစ်ယောက်နားရှိနေခဲ့ရင်တောင် မိခင်စိတ်နဲ့ သူအဆင်ပြေရဲ့လားတွေးပူမိနေတာမျိုးပါ ။ Cancer တွေဟာ သည်းမခံနိုင်တော့တဲ့အဆုံး ပေါက်ကွဲထွက်ပြီး ရမ်းမိရမ်းရာ ရမ်းတတ်ကြပေမယ့် လူတစ်ယောက်ကိုတကယ်ကြီး စိတ်နာနိုင်ဖို့အရမ်းခက်ပါတယ် ။ ဘာလို့ဆို သူတို့ရဲ့နှစ်ဖက်မျှတွေးတတ်တဲ့စိတ်က သူကသူ့မိဘတွေကြောင့် ဒီလိုဆိုးသွားတာ ၊ သူ့သူငယ်ချင်းတွေကြောင့် ဒီလိုဖြစ်ရတာ စသဖြင့်ခေါင်းစဥ်တစ်ခုတပ်ပြီး ချစ်ရသူကို အပြစ်မမြင်မိအောင်အကာအကွယ်ပေးထားကြလို့ပါ။ ဒါကြောင့်မို့လည်း ဆိုးသွမ်းတဲ့သူက အနိုင်ကျင့်လို့ပိုရသွားပြီး နှစ်ဆခံစားရတာပါပဲ ။ ကောင်းတာတစ်ခုက Cancer တော်တော်များများက ၂၀ ပတ်ချာလည်အချိန်မှာ Toxic Relationship ကိုကြုံရတာများပြီး တကယ်အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာတော့ တစ်ခါthayဖူး ပျဥ်ဖိုးနားလည်သွားပါပြီ ။ အဲ့အခါကျရင်တော့ အိမ်ထောင်ဖက်ကိုလက်လွတ်စံပယ်မရွေးတော့ပဲ တကယ်ချစ်ရဲ့လား ၊ တကယ်ကောင်းရဲ့လား ၊ ရေရှည်သာယာတဲ့မိသားစုဘဝရနိုင်ရဲ့လား စသဖြင့် သေသေချာချာတွက်ချက်ပြီးမှ ရွေးချယ်ပါတော့တယ် ။ ဒါကြောင့်မို့လည်း Cancer တွေရဲ့တတိယအရွယ်က ချစ်ရတဲ့အိမ်ထောင်ဖက် ၊ သားသမီး ၊ မြေးမြစ်တွေနဲ့ အေးအေးချမ်းချမ်း တရားအားထုတ်နိုင်ကြတာများပါတယ် ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ Toxic အိမ်ထောင်ရေးထဲရောက်သွားတဲ့ Cancer တွေအနေနဲ့ကတော့ မကောင်းတဲ့လူကို တစ်ချိန်များပြောင်းလာမလား ခြင်းကြားနဲ့ရေခပ်နေမယ့်အစား သတ္တိရှိရှိရုန်းထွက်စေချင်ပါတယ် ။ ပင်ကိုယ်စိတ်သဘောထားဖြူစင်ကြတဲ့အတွက် မကောင်းတဲ့အသိုင်းအဝိုင်းကသာ ရုန်းထွက်ကြည့်လိုက် ၊ တစ်သက်လုံးကိုယ်ကျိုးစွန့်ပြီး ပြုထားတဲ့အကျိုးပေးတွေနဲ့ သာယာအေးချမ်းတဲ့ဘဝတစ်ခု အလိုလိုရောက်လာပါလိမ့်မယ် ။ ဒါပေမယ့် Cancer သဘောအရ လူကြီးပဲဖြစ်ဖြစ်/လူငယ်ပဲဖြစ်ဖြစ် ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလိုက်ဖို့ကို မတရားဘူး/တစ်ကိုယ်ကောင်းဆန်တယ် ခံစားနေရတဲ့အတွက် မြုပ်နေတဲ့သင်္ဘောမှာ မှားယွင်းစွာသစ္စာရှိပြီး လိုက်မြုပ်သွားကြတာပဲများပါတယ် ။

လွမ်းမိုးသော တားရော့ကတ်အမြင်

The Chariot ကတ်လွှမ်းမိုးထားပါတယ် ။ စစ်ပွဲတွေမှာအောင်နိုင်တဲ့ စစ်သူကြီးတစ်ယောက်ရဲ့ပုံကို ဒီကတ်မှာမြင်နိုင်ပါတယ် ။ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း ၊ ယုံကြည်ရာအတွက် အသက်စွန့်နိုင်ခြင်း ၊ ချစ်ရသူအတွက် ရဲရင့်ခြင်း ၊ အမှန်တရားကို မြတ်နိုးခြင်း ၊ သူရဲကောင်းစိတ်ဓာတ်ရှိခြင်း စတာတွေကို ခံစားမိနိုင်ပါတယ် ။ အခြားတစ်ဖက်မှာလည်း အထီးကျန်ဆန်ခြင်း ၊ မိသားစုနဲ့ဝေးကွာတတ်ခြင်း ၊ စိတ်ခံနိုင်ရည်ထက် ပိုများတဲ့ခံစားချက်တွေကို ထမ်းပိုးထားရခြင်းတွေလည်း ရှိနေပါတယ် ။ ဒါကြောင့်မို့ Cancer တွေအနေနဲ့ ဘယ်သူ့ကိုပဲချစ်ချစ် ၊ ဘယ်အလုပ်ပဲလုပ်လုပ် ဒါက တန်ရဲ့လား ၊ မှန်ရဲ့လား ဆိုပြီး အမြဲတမ်းပြန်တွက်ချက်စေချင်ပါတယ် ။ နောက်ပြီး မှားယွင်းနေတာသေချာပြီဆို အမှားကိုလက်ခံလိုက်ဖို့ ၊ ရုန်းထွက်လိုက်ဖို့လည်း မမေ့လျော့ပါနဲ့ ။
ဒီဟာကတော့ Cancer ရဲ့ Generalized အကြောင်းပဲဖြစ်ပါတယ်

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။