သစ်သီးများ နှင့် စွမ်းအင်

Astrology

သစ်သီးများ နှင့် စွမ်းအင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သစ်သီးများ နှင့် စွမ်းအင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သစ်သီးများ နှင့် စွမ်းအင်

မိမိ တို့အနီးနားတွင်လွယ်ကူစွာ ရရှိနိုင်သော သစ်သီလေးများ၏ စွမ်းအင် နှင့် အသုံးဝင်ပုံများအား မိတ်ဆွေများ အလွယ်တစ်ကူ အသုံးချနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ပါသည်။

ပန်းသီး

အချစ်ရေးတွေ မည်သည့်အခက်ခဲမဆိုရှိပါက ပန်းသီးလေးအား စားသုံးကာတောင်းဆုပြုနိုင်ပါသည်။ အချစ်ရေးတွေ ပိုမို တည်တံ့ခိုင်မြဲ
လိုလျှင် ပန်းသီးလေးတစ်လုံးအား အတူတကွ
စားသုံးစေပါ။ မိမိ၏ ချစ်သူအားကိုယ် ပန်းသီး
လက်ဆောင်ပေးခြင်းဖြင့်လည်း တစ်ဖက်လူ၏
ချစ်ချင်း မေတ္တာများပိုမိုရ ရှိနိုင်မည်ဖြစ်သည်။

စတော်ဘယ်ရီ

ပညာရေး ရေးတွက် အခက်ခဲ အနှောက်ယှက်များ ပြေပျောက်စေရန်နှင်​​့ မိမိ လုပ်ဆောင်နေသော ပညာရေးတွင်တိုးတက်အောင်မြင်စေရန် စတော်ဘယ်ရီသီးလေးများကိုယ် စားသုံးကာတောင်းဆုပြုနိုင်ပါသည်။ မနက် ၁၁ နာရီနှင်​့ ည ၁၁ နာရီအချိန်များသည် ပညာကံအတွက် စွမ်းအင်အမြင့်ဆုံးအချိန်များဖြစ် သဖြင်​့ထိုအချိန်များတွင် စားသုံးဆုတောင်းပါက ပိုမိုအစွမ်းသက်ရောက်မည်။

သံပယိုသီး

ကျန်းမာရေး နှင့်ပတ်သက်ပြီး ကောင်းမွန်စေဖို့ သံပရာသီး (သို့) သံပယိုသီး တစ်လုံးအား မီမီ အိမ်ယာဘေးတွင် ရှိပါ။ မိမိ အိမ်အတွင်း နေထိုင်မကောင်းသူများ နာတာရှည်ရောဂါသည်များ ရှိပါကလည်း သံပယိုသီး အခွံများအား ထိုသူ၏ အနီးနားတွငိ အမြဲမပျက်ထားရှိပေးပါ ရောဂါ သိသိသာသာ အချိနိတိုတွင်းပျောက်လာလိမ့်မည်။ မိမိ နေအိမ်အတွင်း အတိုက်ခိုက်များ အနှောက်ယှက်များရှိပါကလည်း သံပယိုသီး ၄ လုံးအား ဆားရည်ဖြင့်ဆေးကြောကာ အိမ်၏ ထောင့် ၄ ထောင့်တွင်ထားရှိပါ။

စပျစ်သီး

သူတစ်ပါး၏ အချုပ်နှောင်များ ဖိအားပေးမှုများနှင့် မိမိအပေါ် နိုင်ထက်စီးနင်း ပြုလုပ်သူများရန်မှ ကင်းလွတ်စေရနိ စပျစ်သီးလေးများအား စားသုံးစေပြီး စပျစ်စေ့လေးများအား မိမိအိမ်အနောက်ဘက် ခြမ်းတွင်လွှင့်ပစ်စေကာ တောင်းဆုပြုနိုင်ပါသည်။မိမိ အပေါ်မတရား ဖိနှိမ့်သူများ အားကျိန်စာတိုက်လိုသည့်အခါမျိုးတွင်လည် ယခုကဲ့သို့ပြုလုပ်ကာ တောင်းဆုပြု ကျိန်စာတိုက်နိုင်သေးသည်။

ငှက်ပျောသီး

ရပ်ဝေးနယ်ဝေးမှ မိသားစုများ မိတ်ဆွေများ အားပြန်လှည်ရောက်ရှိလာစေလိုတဲ့အခါ ငှက်ပျောသီး လေးများအားစားသုံးစေ​ပြီး ငှက်ပျောခွံ ​လေးများအား မိမိပြန်လှည် ရောက်ရှိလာစေလိုသော သူ၏ဓာတ်ပုံနှင့် ဗူးတစ်ဗူး ထဲတွင်အတူတကွထားရှိပေးပါ။အိမ်မက်ဆိုးများ မမက်စေရန်အတွက်လည်း ငှက်ပျောခွံ လေးများအားသန့်စင်စေကာ မိမိခေါင်းအုံးအောက်တွင် ထားရှိကာ အိပ်စက်ပါသေးသည်။

ရေးသားသူ – ဆရာနှင်းဆီခိုင် တားရော့ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။