က​မ္ဘာ့အလေးဆုံးမုန်လာဥဖြူ

International News
က​မ္ဘာ့အလေးဆုံးမုန်လာဥဖြူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ က​မ္ဘာ့အလေးဆုံးမုန်လာဥဖြူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

က​မ္ဘာ့အလေးဆုံးမုန်လာဥဖြူ

ဂျပန်နိုင်ငံက ကျန်းမာ​ရေးအစားအစာထုတ်ကုန်ကုမ္ပဏီတစ်ခုဟာ ကမ္ဘာ့အလေးဆုံးမုန်လာဥဖြူကို စိုက်ပျိုးအောင်မြင်ခဲ့ပါတယ်။ ဒီမုန်လာဥဖြူက အလေးချိန် ၄၅.၈၆၅ ကီလိုဂရမ် (၁၀၁ ပေါင်) ရှိပြီး ရေမြင်းပေါက်အလေးချိန်လောက် ပါပဲ။

Manda Fermentation ကုမ္ပဏီက စိုက်ပျိုးခဲ့တဲ့ ဒီကမ္ဘာ့ဂင်းနက်စ်စံချိန်တင် မုန်လာဥဖြူဟာ ၂၀၀၃ ခုနှစ်က ဂျပန်နိုင်ငံကပဲ စံချိန်တင်ခဲ့တဲ့ မုန်လာဥဖြူထက် ၁၅ ကီလိုဂရမ် (၃၃ပေါင်)နီးပါးပိုလေးပါတယ်။

Manda Fermentation ရဲ့ထုတ်ကုန်တွေထဲကတစ်ခုက အသီးအနှံ​တွေ၊ အစေ့အဆန်တွေပင်လယ်ရေမှော်တွေ၊ ဟင်းသီးဟင်းရွက်တွေ အပါအဝင် ကုန်ကြမ်း ၅၃ မျိုးကျော်နဲ့ ပြုလုပ်ထားတဲ့ Manda Hakko အချဥ်ဖောက်ထားတဲ့အစားအစာထုတ်ကုန်ပါ။ အပင်ကြီးထွားမှုအတွက် အထူးပြုလုပ်ထားတဲ့ Manda Hakko ထုတ်ကုန်လည်းရှိပြီး စံချိန်တင် မုန်လာဥဖြူကို ဖန်တီးနိုင်စေခဲ့တဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။

စံချိန်တင်ခဲ့တဲ့ မုန်လာဥဖြူကအများအားဖြင့် အလေးချိန် ၁-၂ ကီလိုဂရမ် (၂.၂-၄.၄ပေါင်) နဲ့ ၆ ကီလိုဂရမ် (၁၃.၂ပေါင်) အသီးသီးရှိတဲ့
Sakurajimaမုန်လာဥဖြူနဲ့ Taibyo-Sobutori မုန်လာဥဖြူတို့မျိုးစပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လကုန်မှာ မျိုးစေ့ချခဲ့တာပါ။ မုန်လာဥတွေကြီးထွားလာတာနဲ့ အပင်ရဲ့အမြစ်ကို မြေဆီလွှာနဲ့ ဖုံးထားပေးရပါတယ်။ မုန်လာဥတွေကြား ၁ မီတာကျော်ကွာဟထားရပါတယ်။ ရိတ်သိမ်းတဲ့နေ့မှာ ဝန်ထမ်းတွေက မြေဆီလွှာကနေ ကြီးမားတဲ့မုန်လာဥကို ဂရုတစိုက်ဆွဲနှုတ်ခဲ့ရပါတယ်။ မုန်လာဥရဲ့အလေးချိန်ကြောင့် ဝန်ထမ်း ၄ ဦးနဲ့တောင် တော်တော်ဆွဲနှုတ်ခဲ့ရတာပါ။

ဒီမုန်လာဥဖြူကို ကမ္ဘာ့အလေးဆုံးမုန်လာဥအဖြစ် ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက တရားဝင်အသိအမှတ်ပြုထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။