အားအင်တွေပြည့်ဖြိုး ခွန်အားတိုးစေတဲ့ အမျိုးသားများအတွက် ပရန္နဝါ နှင့် တွဲဖက်ဆေးနည်းများ

Health
အားအင်တွေပြည့်ဖြိုး ခွန်အားတိုးစေတဲ့ အမျိုးသားများအတွက် ပရန္နဝါ နှင့် တွဲဖက်ဆေးနည်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အားအင်တွေပြည့်ဖြိုး ခွန်အားတိုးစေတဲ့ အမျိုးသားများအတွက် ပရန္နဝါ နှင့် တွဲဖက်ဆေးနည်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အားအင်တွေပြည့်ဖြိုး ခွန်အားတိုးစေတဲ့ အမျိုးသားများအတွက် ပရန္နဝါ နှင့် တွဲဖက်ဆေးနည်းများ


အိန္ဒိယနိုင်ငံတွင် လေ့လာမှုအရ နွေရာသီမေလတွင် တူးဖော်သော၃စင်တီမီတာ အချင်းရှိသည့် ဆေးမြစ်သည်အသဲကို ကောင်းစွာကာကွယ်ပေးနိုင်သော အာနိသင်ရှိကြောင်း သိရှိရပါသည်။အိနိယနိုင်ငံတွင် နှလုံးအားတိုးဆေး အသဲဆေး ဆီးဆေး အသက်ရှည်နုပျိုဆေးအဖြစ်သုံးစွဲကြပါသည်။

ဗီယက်နမ်နိုင်ငံတွင် ချောင်းဆိုးပျောက်ဆေး အသဲရောဂါ အဖောရောဂါပျောက်ဆေးအဖြစ်အသုံးပြုကြပါသည်။

မင်းတုန်းမင်းကြီးဘာကြောင့်အစွမ်းထက် ရပါသလဲ

မြန်မာနိုင်ငံ တွင် “ပရန္နဝါ ပါးပါး လွှာ ၊ သကာ ပျားရည်နှင့် စပ် ၊ ဒန့်သလွန်ပွင့် အုန်းဆံရင့် ချင့်၍ လျော်အောင်စပ်၊ မင်းတုန်းမင်းခေါင် သူသုံးဆောင်၊ ဘုန်းရောင်နေ သို့တက် ၊ ဒန္တာသံ မှိုနှက် ၊ အသံ ကရဝိတ်ငှက် ၊ ကေသာ ပိတုန်းရောင် နက်” စသည့် စာချိုးသည်
နာမည်ကျော်ကြားသောစာချိုးဖြစ်သည်နှင့်အညီအစွမ်းထက်သော ပရန္နဝါ ယိုဖြစ်သည် ။

အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။

ဒါကြောင့် မင်းတုန်းမင်းတရားကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

ဆေး ဖော်စပ်နည်း

(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။

(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။

(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။

(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။

အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။

အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့်အမျိုးသမီးများ သောက်သုံးပါကလည်းဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။

ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက်။ ။အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့်ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။

” ကျောက်ကပ်ကျောက်တည်ရောဂါအတွက်”

( ပရန္နဝါပင် )ကျောက်ကပ်တွင် ကျောက်တည်နေသောရောဂါကို ကုသရာတွင် !!

မြန်မာ့ဆေးလောကမှ ထင်ပေါ်ကျော်ကြား လူသိများသည့် အစွမ်းထက်ဆေးပင် ပရန္နဝါပင်ဖြင့် ကုသနည်းကို မျှဝေပေးလိုက်ပါတယ်။ပရန္နဝါပင်ကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

ဆေးဖော်စပ်နည်း _

(၁) ပရန္နဝါပင်၏ ပဉ္စငါးပါး(အမြှစ်မှအပွင့်ထိ တစ်ပင်လုံး) ကို ရေစင်အောင်ဆေးပါ။

(၂) ယူထားသောဆေးပင်၏ ၃ ဆ ၁ ခန့် ရေသန့်သန့်ထည့်၍ မီးပျော့ပျော့ဖြင့် ကျိုပါ။

(၃) သုံးခွက်တစ်ခွက်ကျန်သည့်အထိ ကျိုပါ။

(၄) ၎င်းပြုတ်ဆေးရည်ကို လက်ဖက်ရည်ပန်းကန်လုံးခန့်ဖြင့် မနက်၊နေ့၊ည တစ်နေ့ ၃ ကြိမ် သောက်ပါ။ ၇ ရက်တိတိ သောက်ပါ။

ကျောက်များကြေ၍ ဆီးနှင့်အတူ ထွက်လာတာကို မြင်တွေ့ရပါမည်။ ။

တိုင်းရင်းဆေးနည်းအဘိဓာန် ( တင်ထားသောပုံများမှစာများကိုလေ့လာပါ )

ပရန်နဝါ Hog weeds (ပရန်နဝါ)

ပုံသဏ္ဌာန် : အပင် – အပွင့်ကို လိုက်၍ အပင် သုံးမျိုး ကွဲသည်။ အဖြူ ၊ အနီ ၊ အညို ဖြစ်၍ သုံးမျိုးလုံး အကျိုးပြု သည်။ မြေတွင် ဖြန့်ပေါက် သော နွယ်ပင် မျိုး ဖြစ်သည်။

အရွက် – အဆစ်မှ အရွက် များ မျက်နှာချင်း ဆိုင် ထွက်သော် လည်း တစ်ဖက် တွင် တစ်ရွက် ထွက်၍ အခြား တစ်ဖက် တွင် နှစ်ရွက် ထွက်သည်။

ရွက်ရင်း ကျယ်သော ဘဲဥ ပုံရှိ ရွက်ထိပ် အချို့ ချွန်ပြီး အချို့ ဝိုင်း၏ ။ အရွက် အပေါ် မျက်နှာပြင် ချောမွတ်သည်။ အပွင့် – ပန်းခိုင် ထိပ်တွင် သေးငယ်သော အပွင့် ကလေးများ စု၍ ပွင့်၏ ။

အမျိုး လိုက်၍ အဖြူ ၊ အနီ ၊ အညို အရောင် သုံးမျိုး ကွဲ၏ ။ အသီး – သေးငယ်သည်။ အခန်း ၅ ခန်း ပါရှိသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ အရွက် ၊ အမြစ် ၊ အပင်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ မြေပြန့် အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် အလေ့ကျ ပေါက်၏ ။

(အသုံးဝင်ပုံ ) အာနိသင် –

မြန်မာ ဆေးကျမ်း များ အလိုအရ ပရန္နဝါ သည် ခါး၏ ၊ စပ်ရှားရှား ရှိ၏ ၊ ပူ၏ ၊ အသက်ကို ရှည်စေ၏ ။ နှလုံး ရောဂါ ၊ဖောရောင်ခြင်း ၊ ပန်းနာ ၊ လေ ၊ သလိပ်ရောဂါ တို့ကို ပျောက်ကင်း စေနိုင်၏ ။

ဝမ်းမီးကို တောက်စေ၍ ဝမ်းသက်စေ ပြီး ဆီးကို ရွှင်စေသည်။ ချွေးကို ထွက်စေ၍ ရေဖျဉ်း ရောဂါကို နိုင်သော သတ္တိ ရှိ၏။

အသုံးပြုပုံ –

အရွက် ၁။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။

၂။ အရွက်ကို ငါးကြင်း သားနှင့် ချက်စား ပါက ကိုယ်တစ်ခြမ်း သေရောဂါ ပျောက်၏ ။

၃။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။

၄။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။

၅။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်းများ အတွက် အရွက် ကို ထုထောင်း ၍ ကြပ်စည်း ပေးရ၏ ။

အမြစ် ၁။ အမြစ်မှုန့် ကို သကြားနှင့် စားသော် ချောင်းခြောက်ဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းများ ပျောက်၏ ။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာ ရောဂါ ပျောက်၏ ။

အပင် -၁။ ပရန္နဝါ ကို ကြိတ်မှန် ရွက် နှင့် ရောသောက် သော် မီးယပ် ရောဂါ ပျောက်၏။

၂။ ဒန့်ကျွဲ စေ့နှင့် ရော၍ စားခြင်း ၊ လိမ်းခြင်း ပြုသော် ပွေးနာ ပျောက်၏ ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။