လူအယောက်(၄၀၀၀)အတွက် စတုဒီသာအလှူ ကျွေးမွေးခဲ့တဲ့ ပိုးကြာဖြူခင်တို့ ဇနီးမောင်နှံ

Celebrity Local News
လူအယောက်(၄၀၀၀)အတွက် စတုဒီသာအလှူ ကျွေးမွေးခဲ့တဲ့ ပိုးကြာဖြူခင်တို့ ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူအယောက်(၄၀၀၀)အတွက် စတုဒီသာအလှူ ကျွေးမွေးခဲ့တဲ့ ပိုးကြာဖြူခင်တို့ ဇနီးမောင်နှံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူအယောက်(၄၀၀၀)အတွက် စတုဒီသာအလှူ ကျွေးမွေးခဲ့တဲ့ ပိုးကြာဖြူခင်တို့ ဇနီးမောင်နှံ

ပိုးကြာဖြူခင်ကတော့ ပြီးခဲ့တဲ့လပိုင်းကပဲ လက်ထပ်ခဲ့ ပြီး ခင်ပွန်းဖြစ်သူနဲ့တကွ ခင်ပွန်းဖြစ်သူဖက်ကပါလာခဲ့ တဲ့ သားသမီးသုံးယောက်နဲ့ သာယာတဲ့ မိသားစုဘဝ လေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၁) ရက်နေ့မှာတော့ ပိုးကြာဖြူခင်တို့ မိသားစုက သူမတို့ရဲ့ စိန်ဆိုင်ရှေ့မှာ လူပေါင်း (၄ဝဝဝ) စာအတွက် နေ့လည်စာ စတုဒိသာ ဧည့်ခံကျွေးမွေးခဲ့ တယ်လို့ သိရပါတယ်။

ပိုးကြာဖြူခင်က “အမှတ်တရ 11.8.2023 ရတနာ PK Htun မိသားစု ရဲ့ စတုဒီသာအလှူ မနက် ၉ နာရီ ကနေ နေ့လည် ၁၂ နာရီခွဲကျော် ထိ လူပေါင်း ၄ဝဝဝ ကျော်ကို နေ့လည်စာ လှူဒါန်းကျွေးမွေး နိုင်ခဲ့ပါတယ်။ ကျမတို့ မိသားစုရဲ့အလှူလေးကို ဝမ်းသာပီတိဖြစ်မိ သလို ပရိသတ်များလဲ ထပ်တူ ပီတိရရှိစေဖို့ ပုံလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင် … နောက်လတွေမှာလဲ အခု လိုပဲ အများကြီး ထပ်မံလှူဒါန်းနိုင်ဖို့ ကြိုးစားပါဦး မယ်ရှင်

အခုလိုလှူနိုင်တယ်ဆိုတာဟာလဲ ချစ်ရတဲ့ ရတနာဝယ်ယူအားပေးသူများ ဆိုင်လေးကို ဝန်းရံပေး သူများအားလုံး ကြောင့်ပါရှင် အားပေးကြသူ ရတနာ ချစ်သူများကိုလဲ အစဉ်ချစ်ခင်လေးစားလျှက်ပါရှင် . အလှူလေးဖြစ်မြောက်ဖို့အတွက် အဖက်ဖက်မှ မေတ္တာ ဖြင့်ကူညီပေးခဲ့တဲ့ မဏိစလ လူမှု နာမှု ကူညီရေး အသင်းသူ အသင်းသား အားလုံးနှင့်တကွ မိုးထိအောင် စည် ကျောက်မြတ်ကုမ္မဏီမှ အမ ဒေါ်ခင်ထွေး နှင့် အမ – ဒေါ်မိုးမိုးထွေး တို့ ကို လဲ ကျေးဇူးအများကြီး တင်ပါ တယ်ရှင် ..” ဆိုပြီး သူမတို့ မိသားစုအလှူပုံရိပ်လေးကို မျှဝေလာပါတယ်။

ပိုးကြာဖြူခင်ကတော့ အပျိုဘဝကတည်းက အလှူအတန်းတွေ ရက်ရက်ရောရော ပြုလုပ်လေ့ရှိပြီး အိမ်ထောင်ကျသွားတဲ့အခါမှာလည်း မိသားစုတွေနဲ့ တက်ညီလက်ညီ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်တို့ မိသားစုတွေရဲ့ ကုသိုလ်အတွက် ထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ်လို့ ထင်ပါတယ်နော်။

 

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။